အပိုင်း(၁၆)

11.7K 335 4
                                    

6:00 AM ....။

နာရီနှိုးစက်​က​လေးက တစ်​ချက်​ချက်​မြည်​ဟီးကာ​ဆောဟာနာကိုနှိုး​နေပြီ​လေ ။

တစ်​ညလုံး ပြင်​သစ်​၀ိုင်​တို့ကိုအ​ဖော်​ပြုကာ ငို​ကြွေး​နေခဲ့သည့်​သူမ အိပ်​ယာနိုးလာသည့်​အချိန်​တွင်​ကျန်​ရစ်​ခဲ့သည်​က​ခေါင်းတစ်​ခုလုံးမူး​နောက်​ချင်း​တွေသာ ။

အိမ်​မက်​ထဲမှာ​တောင်​ကျွန်​မဘက်​သို့တစ်​ချက်​လှည့်​မကြည့်​ယူ​လေး၏လက်​ကိုတင်းတင်းဆုပ်​ကိုင်​ကာ​ကျောခိုင်းသွားသည့်​ဟန်​ဂန်​မင်း ။

ကျွန်​မစိတ်​ထဲ ... ကျွန်​မနှလုံးသားထဲ .. ကျွန်​မဘ၀ထဲက​နေထာဝရအတွက်​ထုတ်​ဖယ်​လိုက်​ပါပြီ ။

​ဆောဟာနာ တို့ကပြတ်​သားပြီဆိုရင်​သူများထက်​ပိုပြတ်​သားလွန်းတဲ့သူပါ ။

နှုတ်​ဆက်​ပါတယ်​။

ကျွန်​မဘ၀ရဲ့ ပထမဆုံး​သောအချစ်​တွေ ။

ကျွန်​မဘ၀ရဲ့ ပထမဆုံး​သော​ယောကျာ်းတစ်​ယောက်​... ။

ထာဝရအတွက်​ရှင်​က ကျွန်​မရဲ့ မတ်​ပါပဲ ။

" ဟာနာ ... ဖိုက်​တင်း အလုပ်​သွားဖို့ပြင်​ဆင်​ရမယ်​"

ကိုယ့်​ကိုယ်​ကို အား​ပေးလိုက်​ပြီး ဖရိုဖရဲ နှင့်​ကျွန်​မသည်​ရေချိုးခန်းထဲသို့ဝင်​ခဲ့လိုက်​တော့၏ ။

➳ ➳ ➳ ➳

အိပ်​ယာထဲတွင်​စူပုတ်​ပုတ်​ဖြင့်​အိပ်​ပျော်​နေ​သော ကျွန်​တော့်​က​လေး​လေးကိုမနှိုးရက်​တော့တာမို့ ။

နံနက်​စာကမန်းကတန်းထပြင်​၍​ရေချိုးခန်းဝင်​ခဲ့လိုက်​တော့သည်​။

အလုပ်​သွားဖို့​နောက်​ကျ​နေမှာလဲဆိုးရ​သေးသည်​။

၁၀ နာရီခွဲဆိုရင်​Meeting ရှိ​နေ​သေးသည်​လေ ။

​ရေချိုးခန်း​ဘေစင်​လေး​ပေါ်တွင်​က​လေးသွားပွတ်​တံ​လေးထဲသို့ သွားတိုက်​ဆေး​လေးထည့်​ပေးကာတင်​ထားလိုက်​ပြီး ။

ကျွန်​တော်​ရေအရင်​ချိုးလိုက်​သည်​။

​ရေချိုးလို့ပြီးခါနီးအချိန်​မှာ​တော့ ကျွန်​တော့်​ခါးဆီသို့ လက်​သွယ်​သွယ်​က​လေး နှစ်​ချောင်းကဖက်​တွယ်​လာသည်​မို့​ရေ​ဗန်းကိုလှမ်းပိတ်​လိုက်​ပြီး ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Donde viven las historias. Descúbrelo ahora