အပိုင်း(၁၄)

12.4K 397 4
                                    

"ကိုကို ဘယ်​လိုလုပ်​ကြမလဲ နာနာအခု အိမ်​နား​ရောက်​နေပြီတဲ့ "

"ဘာလုပ်​ဖို့လိုလို့လဲ လာဒီမှာ​အေး​ဆေးလာထိုင်​ရောက်​လာ​တော့လဲ ဧည့်​ဝတ်​ကျေ​အောင်​ပြုစု​ပေစလိုက်​ယုံ​ပေါ့ "

ဒီလူမှာသာ ရင်​တွေပူပြီး​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​ပြီး အိမ်​အနှံ့တ​တောက်​တောက်​ပြေးလွှားဂနာမငြိမ်​ဖြစ်​နေတာ ။

ကိုကိုက​တော့ ရီမုတစ်​လုံးဖြင့်​Tv Channel အမျိုးမျိုးကိုလှည့်​ပတ်​ကြည့်​ကာဆိုဖာ​ပေါ်တွင်​ညိမ့်​နေ​လေရဲ့ ။

သူယူထားတဲ့မိန်းမဆိုတာ​မေ့များ​နေ​ရော့သလား ။

"Boo ဘာ​မှ​လျှောက်​တွေးပူမ​နေစမ်းနဲ့​ဆောဟာနာလဲ နားလည်​သွားမှာပါ သူ့အ​ပေါ်မှာ Yaobo ထားတဲ့ခံစားချက်​ကို Boo ကသာ​နေရာတကာ​တွေးပူမ​နေနဲ့ "

ကိုကို ရယ်​ပြောတက်​လိုက်​ပါ​ပေ့ ။​တွေးမပူလို့ရနိုင်​ရိုးတဲ့လား နာနာ က ကိုကို​တော်​မှရမယ့်​မိန်းမတစ်​ယောက်​ဆို​ပေမယ့်​။ boo အတွက်​က​တော့ အစ်​မတစ်​ယောက်​လေ ။

နာနာ အ​ကြောင်းကို Boo သာအသိဆုံးပါ သူ့သိက္ခာအတွက်​ဘယ်​လောက်​အထိ အသည်းနာသွားလိမ့်​မလဲ ။

​ဒေါသကြီးလွန်းတဲ့ နာနာ ရဲ့ အ​ကြောင်း​ကောင်း​ကောင်းသိသူဖြစ်​တဲ့ ကျွန်​တော့်​ရင်​ထဲကို ကိုကို မှအစားဝင်​ကြည့်​လို့မရနိုင်​တာ ။

"တီ​တောင်​!!!"

​ဟော ... နာနာ​ရောက်​လာပြီ ။

ဘယ်​လို လုပ်​ကြမလဲ ။

ကိုကို ဆီကိုလာတဲ့ နာနာ ။ ကျွန်​တော်​နှင့်​ကိုကိုဆင်​တူဝတ်​ထားသည့်​ည၀တ်​အင်္ကျီကိုမြင်​သွားသည့်​အခါ ....။

ဆက်​မ​တွေးရဲ​တော့ဘူး ။

မ​တွေးချင်​တော့ဘူး ။

ဆိုဖာ​ပေါ်မှထ၍ တံခါးရှိရာဆီသွား၍ ဖွင့်​ပေးလိုက်​သည့်​ကိုကို ပုံစံက ဘာမှမဖြစ်​သလို ။

ကျွန်​တော်​ကသာတစ်​ယောက်​ထဲအ​တွေး​တွေနှင့်​လူးလှိမ့်​ပြီူရူးမတက်​ဖြစ်​နေရတာ ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Donde viven las historias. Descúbrelo ahora