"တောင်း ....တောင်းပန်ပါတယ်ကလေးလေးငယ်ငယ်ကိုယ့်ကြောင့်ပါ "
စို့နစ်နေသည့်အသံ၏ ပိုင်ရှင်သည်ပြိုလဲကျခင်လုလုပင်။
" နားလိုက်ပါ အဖွဲ့မှူးချုပ်. လက်ထောက်အဖွဲ့မှူးလေးလဲသိပ်မကြာခင်သတိရလာတော့မှာပဲကို "
ကိုယ်တိုင်မခံစားရလို့ပြောလိုက်လေသလား ။
ကျွန်တော့်ကလေးငယ်ရဲ့ မျက်နှာတစ်ခုလုံးညိုမည်း စုတ်ပျက်နေသည့်ကြားမှာ ။
ကျွန်တော်က ဘယ်လိုပုံစံ ဘယ်လိုနည်းနဲ့စိတ်သက်သာစွာနားနေနိုင်မှာလဲဗျာ ။
အချိန်တွေကလဲ တိုက်စားလွန်းလိုက်တာ ၁ နာရီကျော်ကျေယ်မနက်၂နာရီဝန်းကျင်တောင်ရောက်ပေါ့ ။
ကျေးဇူးပြုပြီးကိုယ့်အတွက်အားအင်တွေပြည့်ဝစေဖို့အတွက်ကလေးငယ်ရဲ့နိုးထမှု့တစ်ခုနဲ့ဖြည့်စွမ်းပေးပါလားကွာ ။
ကိုယ့်ရင်တွေထဲမှာ အဆမတန်ခံစားနေရတဲ့ဝေဒနာကြီးကို မခံစားနိုင်တော့လို့ပါကလေးငယ်ရယ်။
" ရတယ်မင်းတို့တွေပဲနားလိုက်ကြတော့ မနက်အလုပ်တက်ရဦးမယ်မဟုတ်လား ပြန်ကြတော့ အခုအချိန်ထိစောင့်ပေးတာကျေးဇူးပဲကွာ "
" ရပါတယ်အဖွဲ့မှူးချုပ်သာခဏလောက်အချိန်ပေးပြီးနားနေလိုက်ပါတော်ကြာ အဖွဲ့မှူးလေးထမလာခင်အဖွဲ့မှူးချုပ်လဲနေပါ့မယ်"
" Ok "
" ဒါဆို ကျွန်တော်တို့သွားပြီနော်"
နောက်ကျောမှနှုတ်ဆက်သံအားလက်ထောင်ပြရင်းနှုတ်ဆကိလိုက်တော့သည်။
" ငယ်...... ကိုယ့်ဘေးနားမှာ ငယ်ရှိနေတယ်လို့ကိုယ်မခံစားရဘူး ငယ်ရယ်..... "
ရင်တွေနာလိုက်တာဗျာ ..... ။
" ဘာလို့လဲ ကိုကို ရ ငယ်တဲ့လား "
ကျွန်တော့်ကလေးငယ်ရဲ့ဖျော့တော့တော့ အသံလေးနဲ့ နုညံ့သည့်ထိတွေ့မှု့က နာဖူးပြင်ထပ်သို့..... ။
BINABASA MO ANG
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanfictionဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....