အပိုင်း(၉)

13.3K 385 9
                                    

" ဟန်​ဂန်​မင်း မင်းနဲ့​ဆောဟာနာ ရဲ့လက်​ထပ်​ရက်​ကို​မေ​မေတို့သက်​မှတ်​ပြီးသွားပြီ မင်္ဂလာ ၀တ်​စုံ​ရွေးဖို့ ဆိုးလ်​ကိုလာခဲ့​တော့ "

ဆိုသည့်​ဖုန်းထဲမှ​မေ​မေ့စကားသံက ကျွန်​တော့်​နားထဲသို့ သံရည်​ပူတို့​လောင်းထည့်​လိုက်​သည့်​အလား ပူ​လောင်​လွန်းလှပါသည်​။

ကျွန်​တော့်​မှာ ငြင်းဆန်​ခွင့်​အရှိပါ ။ " မင်း​မေ​မေ့ ဆန္ဒက်ုငြင်းပယ်​မယ်​ဆိုရင်​မေ​မေ့အသက်​ကို​တောင်​မင်းမှီလိုက်​မှာမဟုတ်​ဘူး​နော်​" ။ ဆိုသည့်​မေ​မေ့၏ ခြိမ်း​ခြောက်​ခြင်း မမည်​သော ခြိမ်း​ခြောက်​စကားကို ကျွန်​တော်​အလွန်​မှ​ကြောက်​လှပါသည်​။

ကျွန်​တော့်​ရင်​ခွင်​ထဲမှာ​မော​မော ပန်းပန်းနှင့်​အိပ်​ပျော်​နေရှာသည့်​ကိုယ်​လုံးတီးနှင့်​ကျွန်​တော့်​ရဲ့ ချစ်​သူ​လေး ။

ကျွန်​တော်​ဘာလုပ်​ရမလဲ ။

က​လေးငယ်​.... ။ ကိုယ့်​ကို အချိန်​တစ်​ခု​လောက်​ပေးနိုင်​မယ်​လို့ ကိုယ်​ယုံကြည်​တယ်​က​လေးငယ်​။

ကိုယ်​ချစ်​တာ ငယ်​တစ်​ယောက်​ထဲကိုပါ ကိုယ့်​ဘ၀မှာ ငယ်​တစ်​ယောက်​ပဲ ပထမဆုံးနဲ့​နောက်​ဆုံးချစ်​သူ​လေးဆိုတာ ကိုယ့်​နှုတ်​ဖျားက ငယ့်​ကိုဖွင့်​မ​ပြောဖြစ်​ခဲ့​ပေမယ့်​ကိုယ့်​ရင်​ထဲမှာအမြဲရှိတယ်​ငယ်​.... ။

နှစ်​ခြိုက်​စွာ အိပ်​ပျော်​နေသည့်​ငယ့်​၏နာဖူး​လေးထက်​အနမ်းတစ်​ပွင့်​ခြွေချပြီး ။

အိပ်​ယာ​ပေါ်မှ ဆင်းခဲ့လိုက်​သည်​။

ကျွန်​တော့်​ရဲ့​ရွေးချယ်​မှု့ကအခုချိန်​ထိ ငယ်​ဖြစ်​မ​နေခဲ့ဘူး​ဗျာ ။

ကျွန်​တော်​ကတကယ်​တော့​ယောကျာ်းရင့်​မာကြီးတစ်​ယောက်​ဖြစ်​ပြီး သတ္တိက​တော့ နည်းပါး​နေတုန်းပင်​။ သိပ်​ရှက်​ဖို့​ကောင်းတာပဲ ။

" ကိုကို ..... ဘယ်​သွားမလို့လဲဟင်​"

"ဟင်​!!! ငယ်​"

ခိုးထွက်​သော်​လဲ အအိပ်​စက်​လွန်းသည့်​ချစ်​ရသူ​လေးကနိုးသွားခဲ့၏ ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Where stories live. Discover now