" ၀ှါး......."
" ကလေးလေးနိုးလာပြီလား "
" အင်း ကိုက်ို အခုဘယ်ရောက်နေတာလဲဟင်"
Notebook ကိုပေါင်ပေါ်တင်ကာ ယာဉ်မောင်းနေရာတွင်ထိုင်ပြီးအလုပ်တွေပြူးပြဲလုပ်နေသည့်ဟန်ဂန်မင်း ။
" ချယ်ရီတန်းမှာအပြန်ကလေးလေးလမ်းလျှောက်ချင်တယ်ဆိုလို့ကားရပ်ပြီးစောင့်နေတာလေ "
" အာ ဟုတ်သားပဲ မိုးတောင်ချုပ်နေပြီကို ကိုကို ကလဲ အိမ်ပြန်လိုက်တာမဟုတ်ဘူး "
"ကလေးလေး ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ ကိုယ့်အတွက်အပန်းမကြီးပါဘူးကွာ လာသွားကြရအောင်"
ကားပေါ်မှနှစ်ယောက်အတူဆင်းကာ ချယ်ရီပန်းတွေအပြိုက်ပြိုက်ကြွေလွင့်ကြနေသည့်လမ်းလေးထဲသို့ဝင်လာခဲ့လိုက်သည်။
ကလေးလေး၏ လည်ပင်းမှမာဖာလာလေးကိုသေသပ်အောင်ပြန်ဆွဲတင်ပေးပြီး ။ ကလေးလေး၏လက်ကလေးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီးအင်္ကျီအိပ်ကပ်ထဲကိုထည့်လိုက်တော့ ပြုံး၍ကျွန်တော့်က်ိုသူကြည့်လာသည်။
" ကိုကို "
"ဗျာ ကလေးလေး "
" ကျွန်တော့်ကို ချစ်လား "
ရုတ်တရက်ကြီးမေးလိုက်တော့ အံ့သြမိသူကကျွန်တော်ကလေးလေးက တစ်ခါမှဒီလိုတီတီတာတာတွေမေးဖူးတာမဟုတ်။
" ကလေးလေး ကြည့်ပါဦး ကိုယ့်ကို "
ကလေးလေး ပခုံးနှစ်ဖက်ကိုတင်းကျပ်စွာကိုင်ရင်း ကလေးလေးမျက်၀န်းတွေကိုစုံအောင်ကြည့်လိုက်ကာ ။
" ဘာဖြစ်လို့လဲ ကိုကို "
" ကလေးလေး ဒီနေ့ထူးဆန်းနေတယ်နော်တီတီတာတာတွေလဲပြောတက်လာတယ်ပြီးတော့ နည်းနည်းများပိုချွဲနေသလားလို့ ကိုယ့်စိတ်ကပဲထင်နေတာလားတော့မပြောတက်"
"ဟား ဟား ဟား ဘာများလဲလို့ ကိုကိုရယ်ကလေးလေးက ကိုကိုနဲ့ပိုပြီးနီးနီးကပ်ကပ်လေးနေလို့ရအောင်ပိုပြီးချွဲတော့မှာ ဒီနေ့ကစလို့ပေါ့ "
ESTÁS LEYENDO
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanficဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....