(Unicode)
" ကိုကို ကလေးတို့ဒီနေ့လျှောက်လည်ကြရအောင်လေနော်"
" ကလေးလေးကလျှော်လည်ချင်လို့လား "
" ဟုတ်တယ်လေ ကိုကို နဲ့ကလေး ချစ်သူသက်တမ်းပဲ ၆ လရှိနေပြီ အပြင်က်ိုတစ်ခါမှထွက်မလည်ဖူးသေးဘူးလေ ဒါကြောင့်ပါ "
မျက်နှာငယ်လေးနှင့်နှုတ်ခမ်းပိစိလေးကိုစူထော်ကာ လက်ချောင်းကလေးတွေက်ိုလိမ်ရင်း ကျွန်တော့်အလုပ်စားပွဲဘေးတွင်ဂျီလာတိုက်နေသော ကျွန်တော့်ကလေးပိစိ။
ဒီနေ့ကပိတ်ရက်ဆ်ိုပေမယ့်မနက်ဖြန်ကျရင်စတင်ဆောက်လုပ်တော့မယ့်ကွန်ဒိုအတွက်လုပ်စရာတွေကကျွန်တော့်လက်ထဲမှာတစ်ပုံတစ်ပင်ကြီးကျန်ရှိနေသေးတယ်လေ။
ဒီနေ့အပြီးလုပ်မှဖြစ်မယ့်အလုပ်ဆိုတော့ ကလေးလေးနဲ့လျှောက်လည်ဖို့ကိုလဲမငြင်းပယ်ချင်။
ကလေးလေးပြောသလိုပဲ ချစ်သူသက်တမ်း ၆လမှာ ကလေးလေးနဲ့အတူချယ်ရီတန်းဘက်ကိုပင်လမ်းလျှောက်မထွက်ဖူးခဲ့ဘူးလေ ။
" ဒါဆို ကလေးလေး ကိုယ့်က်ိုခဏလောက်စောင့်နေပေးမလား ကိုယ်ဒါလေးလက်စသက်ပြိ်ီးရင်လျှောက်လည်ကြမယ်လေ "
" တကယ်နော်ကိုကို "
" တကယ်ပေါ့ ကလေးလေးရဲ့ "
"ရေး ဒါမှ ကလေးရဲ့ကိုကိုကွ "
မိုးရာသီလိုရာသီဥတုမှောင်မိုက်နေသည့်ခုဏက ကလေးလေး၏မျက်နှာသည်နေရောင်ကြည်ရရှိသွားသည့်နေကြာပန်းသဖွယ်၀င်းပ၍ ခုန်ပေါက်ပျော်မြူးနေပြန်သည်။
ကလေးလေး ကိုတစ်နေ့တစ်ခြားပိုပိုချစ်လာလေ ပိုပိုပြီးဆုံးရှုံးရမှာကြောက်ရွံလာလေပါပဲလားနော်။
ကလေးလေး ကိုပြောပြလိုက်သင့်ပြီလား ? ။
ထပ်ပြီးလျှို့ဝှက်ထားရင်အန္တရာယ်များနေမလား ကျွန်တော်ကိုယ်တ်ိုင်မပြောပဲ ကလေးလေး သိသွားခဲ့ရင်ကလေးလေးကျွန်တော့်က်ိုအထင်လွဲသွားနိုင်မလား ။

YOU ARE READING
သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞
Fanfictionဟန်ဂန်မင်း နှင့်ဆောဂွမ်ယူ ချစ်ခြင်း၏အစ.....