အပိုင်း(၁၉)

10.4K 302 4
                                    

" ကိုကို "

" ဘဲကြီး "

" Yaobo "

" က​လေး​လေးရဲ့ Daddy "

စုံပလုံ​နေ​သော အ​ခေါ်အ​ဝေါ်​တွေနဲ့ လိုချင်​သမျှကိုလက်​ညိုးတထိုးထိုးနှင့်​ဗိုက်​မပူ​ပေါက်​စ ။

ဟုတ်​သည်​လေ​ဗိုက်​ကဖြင့်​မပူ​သေး​ပေါင်​လူကိုချွဲပြီး​ဗိုက်​ပေါက်​စကိုအ​ကြောင်းပြပြီး ခိုင်း​နေတာ ။

မသိခက်​ပေါင်​။

ဒီကလူကြီးကလဲ ကိုယ့်​က​လေးအတွက်​ဆို ဘယ်​လောက်​ပင်​ပန်းပင်​ပန်း ဘယ်​လောက်​ငွေကုန်​ကုန်​မဖြုံ​ပေါင်​။

ဘာမှတ်​ဟန်​ဂန်​မင်း​လေ​ဆောဂွမ်​ယူ အတွက်​ဆို​အမြဲတမ်းအပြုံးမပျက်​လိုအင်​တွေကိုဖြည့်​ဖို့အသင့်​။ .

" yaobo​ရောက်​သေးဘူးလား ငရဲမီး​ခေါက်​ဆွဲဆိုင်​က boo​ဗိုက်​အရမ်း​ဆာ​နေပြီ"

ကယ်​တင်​ပေးပါအရှင်​ဘုရား ။ ကား​ပေါ်မှာ​တောက်​လျှောက်​ပါးစပ်​မနားတမ်းစားထားသည့်​မုန့်​အခွံ​တွေပင်​ပြန့်​ကျဲ​နေသည်​က သက်​သေကို အခု​ဗိုက်​အရမ်းဆာသည်​တဲ့လား ။

လက်​ထဲက ဟမ်​ဘာဂါကိုမှအားမနာ ။

"​ရှေ့နားဆို​ရောက်​တော့မှာပါ boo​လေးရဲ့​တွေ့လား​ရေခဲ​တောင်​ထိပ်​စွန်း​လေးကိုမြင်​နေရပြီ "

" ဟွန့်​ပြီး​ရော Boo ခဏအိပ်​ဦးမယ်​ရောက်​ရင်​နှိုးလိုက်​ဒါကြီး yaobo စားလိုက်​တော့ "

ပုစိ​ပေါက်​စ သာသာကျန်​တော့သည့်​ဟမ်​ဘာဂါအားပါးစပ်​ထဲထိုးထည့်​ကာ ကူရှင်​မှီရင်းမှိန်း​သွား​သော​ပေါက်​စ ။

ချွဲယုံတင်​မဟုတ်​ဂျပန်​နိုင်​ငံ​ရောက်​အမှတ်​တရအ​နေနှင့်​ဂျပန်​မူလီ​လေးပါဖြစ်​လာသည်​။

ဒရိုင်​ဘာကြီးကို​ဖြေး​ဖြေးသာ​မောင်းရန်​ခပ်​တိုးတိုးလှမ်း​ပြောရင်း အိပ်​ပျော်​ခါစ​ယောကျာ်း​ပေါက်စ​လေးကို​ပေါင်​ပေါ်​တွင်​အိပ်​စေရန်​လှဲ​စေလိုက်​ပြီး ။

ကားမှန်​လေးတစ်​၀က်​လောက်​ချကာ​သစ်​ပင်​ရနံ့စိမ်းရွှင်​ရွှင်​လေးနှင့်​အတူ မြူနှင်းရနံ့​အေးချိုချို​လေး​တွေကို ခံစားရင်း အ​တွေး​တွေနယ်​ချဲ့လိုက်​မိသည်​။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Donde viven las historias. Descúbrelo ahora