I N T R O

8.3K 554 68
                                    

"Mor...!!လမ်းခွဲမယ်..??ဟုတ်လား ဦး..!!''

"ကိုယ်စကားကိုနှစ်ခါ မပြောတက်ဘူးဆိုတာ
ခလေးသိပါတယ်''

ဟန်မြစ်ဘက်ကိုကြည့်ရင်း ဦးနှုတ်ကနေအေးအေး
လူလူထွက်ကျလာသည့်စကားသည် ကျတော့်နှလုံး
သားကို မီးစဖြင့်ထိုးနေသလို ပူလောင်နာကျင်လှပါ
သည်။ ။

ညနေဆည်းဆာအလှနှင့် မသက်ဆိုင်စွာ
ကျတော့်အဖြစ်သည်လည်းအရမ်းကိုအကျည်းတန်
လွန်းပါသည်။ ။

မျက်ရည်များသည် အိနြေ္ဒမဲ့စွာ
ပါးပြင်ပေါ်သို့ တစ်လိမ့်ထိုးကျဆင်းလာသည်ကိုသိ
သော်လည်းကျတော် ကိုယ်တိုင်မဖယ်ရှားမိ တစ်စုံ
တစ်ဦး၏ဖယ်ရှားခြင်းကိုဘဲ အရှက်မရှိစွာမျှော်လင့်
နေတာမို့.....။ ။

"ခလေး sob ခလေး ကဘာအပြစ်လုပ်ထားလို့ ဦးက
အခုလို လမ်းခွဲမယ့်စကားကိုပြောရတာလဲ...??''

တုန်ယင်နေသည့်အသံကိုထိန်းကာပြောနေသော်
လည်းမိမိ၏အမိန့်ကို အတွင်းစိတ်ကဟားတိုက်နေ
သယောင်။မနာခံစွာ ထွက်ပေါ်လာသည့်အသံသည်
သိသိသာသာကို အဖျားခပ်ကာ တုန်ယင်နေသည်။

ကျတော့်၏ အသံကြောင့် ဟန်မြစ်ဘက်ကိုကြည့်
နေသည့် ဦးသည် ကျတော့်ကိုစိတ်ပြတ်သောမျက်
ဝန်းတစ်စုံဖြင့်ဆီးကြိုကာ အဓိပ္ပါယ်ဖော်မရသော
အကြည့်တစ်စုံကြောင့် အနည်းကျဉ်းမျှ ပိုပြီးဝမ်း
နည်းလာမိသည်။ ။

ထို့နောက် တင်းကြပ်စွာပိတ်ထားသည့်နှုတ်ခမ်းပါး
တစ်စုံသည် အနည်းငယ်မျှပွင့်ဟလာကာ...

"ခလေးရဲ့ အပြစ်လား မရှိပာဘူး..ကိုယ်က ခလေးနဲ့
တွဲရတာရိုးသွားလို့''

ညှာတာခြင်းတစ်စက်မျှမရှိ ဓားသွားလိုထက်သည့်
စကားလုံးများ ကျတော့်နားထဲသို့မဆန့်မပြဲဝင်
ရောက်လာသည်နှင့်အမျှ နှလုံးသားလေးသည်
လည်းပို၍ပင် နာကျင်လာရသည်။ ။

"အဲ့တာနဲ့များ ဘာလို့တွဲခဲ့သေးလဲ... !!!ဦး arnyi
Park Chanyeol shi ကျတော့်ကိုတော်တော်လေး
မှကစားရတာပျော်ရဲ့လား??ဟမ်!!အမြဲတမ်းအနိုင်ယူ
ရတာပျော်ရဲ့လား...!!''

"ခလေးမှားနေပြီ!!အစကတည်း ကိုယ်ကလူရှုပ်လူ
ပွေဆိုတာကိုသိသိကြီးနဲ့ လက်ခံခဲ့တာဘယ်သူလဲ??
အရေးကြီးဆုံးတစ်ချက်က ကိုယ်မင်းကိုချစ်တယ်လို့
ပြောဖူးလား..??ခလေးကသာကိုယ့်ကိုအတင်းလိုက်
တွယ်ကပ်နေလို့ ကိုယ်ကအားနာပါးနာနဲ့ပြန်တွဲပေး
တာ။ဒါဘဲလေကိုယ်တို့ဇာတ်လမ်းက...''

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now