( 4 )

2.7K 293 50
                                    

ကျတော်လျှောက်လာသော လမ်း၏တစ်ဖက်တစ်
ချက်စီ၌ လှပဝင့်ကြွားစွာနေရာယူထားသော
ချယ်ရီပန်းပင်များသည် မြင်သူတိုင်း၏စိတ်အဖုံအား
အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။

သို့သော်လည်း...
ကျတော်သည် ထို ရင်အေးဖွယ်ကောင်းသော
မြင်ကွင်းကိုမြင်သော်လည်း မခံစားနိုင်။
ကျတော်၏စိတ်ထဲ၌ နေရာယူထားသော တင်းကြပ်
မှုအစိုင်အခဲသည် ပို၍ပင် လေးပင်နေသောကြောင့်။

တစ်နေ့ကဖြစ်ပျက်သွားသော ကိစ္စ၌ကျတော်သည်
ဘာကြောင့် ဦး ကိုစိတ်ဆိုးရသလဲ ကိုယ်တိုင်လဲမ
တွေးတောနိုင်။
ကျတော့်ကိုဝတ်ကျေတန်းကျေ မုန့်လိုက်ကျွေးလို့
စိတ်ဆိုးမိတာလား...??
ကျတော့်ရဲ့ စိတ်ကိုမမြင်တယ့် ဦး ကိုအားမလိုအားမ
ရဖြစ်မိပြီး စိတ်ဆိုးမိတာလား..??
ဒါမှမဟုတ် မိန်းကလေးတွေကိုဘဲဂရုစိုက်တက်
တယ့် ဦး ရဲ့အကျင့်ကိုမကြိုက်မိတာလား..??

ကျတော် ထိုအချက်များကိုပြန်လည်တွေးတောမိ
တိုင်း ဦး ကိုတောင်းပန်သင့်လား..??
ဒီတိုင်းဘဲ ဘာမှမဖြစ်သလိုကျော်သွားသင့်လား..??
ထိုကဲ့သို့စိတ် ကစဉ်ကလျားဖြစ်နေမိ၏။

နောက်ပိုင်းတော့ ကျတော်သိထားရမည်က ဦးသည်
ကျတော်နှင့်မဆိုင်။
အရေးကြီးဆုံအချက်မူကား ဦး ၏ခံစားချက်ကို
ကျတော်စိတ်မဝင်စားနိုင်အောင် အစွမ်းကုန်အား
ထုတ်ရမည်။

ဟုတယ်.......
ဒီတိုင်းလေးဘဲ သံယောဇဉ်ဆက်ထားပါ့မယ်
ထပ်ပြီးတော့လည်း အဆင့်မတက်ရဲပါ...
အဆင့်ထပ်တက်နိုင်အောင်လည်း ကြိုးစားမည်မ
ဟုတ်။
အကယ်၍ ကြိုးစားလျှင်လည်း ရလဒ်သည် မိမိမျှော်
မှန်းထားသော အခြေအနေနှင့် ဆန့်ကျင်စွာဖြစ်လာခဲ့
မည်ဆိုပာက နှလုံးသားလေးသည် ခံနိုင်ရည်ရှိမည်
မထင်။

ထို့ကြောင့် နှလုံးသားလေး သက်သောင့်သက်သာရှိ
စေဖို့ရန်အလို့ငှါ ချစ်ရသူကိုအဝေးကနေဘဲမျှော်
ကြည့်ပါရစေ......

ထိုကဲ့သို့တွေးတောငေးမှိုင်ရင်း ကျောင်းသို့ရောက်ရှိ
သွားသည်။ကျောင်းသို့ရောက်သော်လည်း လာခဲ့သ
မျှသည် အချည်းနှီးသာ။ကျတော့်မျက်စိရှေ့၌
ကိုယ်တွေ့မျက်မြင်ရသော သင်ခန်းစာများသည်
ကျတော်၏ဝေလွင့်နေသော စိတ်အစုံအားမစုစည်း
ပေးနိုင်။

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now