( 1 )

4.3K 371 26
                                    

"Hyunee !!လဲမယ်မပြေးနဲ့ ''

မွေးမိခင်၏သတိပေးသံအဆုံး မြက်ခင်းပေါ်သို့
ခြေထောက်ခွေလျှက်လဲကျသွားသော သားလိမ္မာ

"အ့!!Omma!!''

"အဲ့လောက်ထိပြာယာခပ် နေမှတော့လဲတာနည်း
တောင်နည်းသေးတယ်''

ကိုင်ထားသည့် စက္ကူဘူးများကိုအောက်သို့ချကာ
သားဖြစ်သူ၏ဒူးခေါင်းပန်းရောင်ပေါ်မှ အနည်းငယ်
ရဲနေသည့်နေရာလေးကို အသာလေးထိလိုက်တော့
သားဖြစ်သူထံမှ အသံစွာတာတာလေးတဆိတ်
ထွက်လာ၏။

"Omma!!!ဘာလို့အဲ့လောက်ထိ ထိရတာလဲ
နာနေပါတယ်ဆိုနေမှ!!!''

ဂေါက်....!!

"နင့်ကိုအသာနေလို့မပြောဘူးလား အခုအနာရမှ
ဘယ်သူ့ကိုလာအော်နေတာလဲ!!
အိမ်ပြောင်းလာလို့ အလုပ်ရှုပ်နေရတယ့်ကြား နင့်ကို
လည်းထိန်းရသေးတယ်။

သွား!!ကားထဲမှာ ဆေးသေတ္တာရှိတယ် ကိုယ့်ဟာ
ကိုယ်ဘဲထည့်လိုက်တော့ Omma ပစ္စည်းတွေချဖို့
သူတို့ကိုနေရာပေးရဦးမယ်''

ကျတော်လည်း Ommaမေးငေါ့ပြသည့်လူအုပ်ကို
တစ်ချက်ကြည့်မိလိုက်တော့ အိမ်ရှေ့တံခါးမှာ
ပစ္စည်းများကိုကိုင်ထားသည့်သူများကတစ်စု၊စားပွဲ
တို့၊ဘီရိုတို့ကို မထားသည့်လူများက တစ်စု။

ကျတော် သူတို့ကိုကြည့်ကာ အားနာလာလို့
မရှုပ်ဘဲငြိမ်ငြိမ်လေး နေမည်ဟုဆုံးဖြတ်ချက်အခိုင်
အမာချလိုက်သည်။

Ommaပြောသလို ကားဆီသို့သွားကာ ဆေး
သေတ္တာဘူးကိုရှာလိုက်ပြီး အရိပ်ကောင်းကောင်းရ
သည့်နေရာကိုရှာလိုက်မိသည်။ထိုအရိပ်သည်လည်း
ကျတော်တို့၏အသစ်စက်စက်ခြံဝန်းထဲ၌သာ...

ပစ္စည်းများကိုနေရာချပေးပြီးနောက် အိမ်အပြင်အ
ဆင်သည်လည်း သန့်ရှင်းရေးလုပ်ရုံမျှသာကျန်တော့
တာမို့ Mrs.Byunအားတက်သရော ဖြစ်သွား၏။

အလုပ်တွေပြီးစီးပီးမှ ခာတိုင်းလိုအသံစွာတာတာ
လေးကိုမကြားမိတော့ အိမ်ပြင်ထွက်ပြီးရှာရာမှ ခြံ
ဝန်းထဲမှာရှိသည့် ချယ်ရီပင်အောက်၌ အိပ်မောကျ
နေသည့်သားဖြစ်သူကိုတွေ့ရတော့သည်။

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now