မိမိ နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး
ချစ်ရတယ့်သူက မိမိရှေ့၌တင် နေ့စဉ်နှင့်အမျှ
သူချစ်သည့် မိန်းကလေးအား ဂရုတစိုက်ဖြင့်
အရိပ်တကြည့်ကြည့်နေ နေသည်မှာ
ကျတော့်ရင်ထဲ၌ ပြောပြလို့မရသည်ထိကို
မွန်းကြပ်နေပါသည်။အရင်က နာကျင်ခဲ့ရသည့်ဒဏ်ရာများသည်
ကောင်းမွန်စွာ မကျက်သေးသည့်အပြင်
ယခုအခါ၌ ဒဏ်ရာအသစ်များကိုထပ်မံပြီး
ကြိုဆိုဖို့ ခံနိုင်အားမရှိတော့တာမို့
တက်လက်စ သင်တန်းကို ရပ်ဆဲလိုက်ရန်မှ
အပ ကျတော့်ဘက်ကမည်သည့်ရွေးချယ်စရာ
မရှိပေ။သင်တန်းမှ တာဝန်ရှိသူအား မိမိမတက်တော့သည့်
အကြောင်းအား လိမ်ဇာတ်ခင်းကာပြောလိုက်ပြီး
ကုန်ကျစရိတ်များကို ပိုပိုသာသာပင်ပေးလိုကိသည်။Sehun နှင့် Luhan ကိုလည်း
အိမ်ရောက်မှ ph ဆက်ကာသင်တန်းမတက်တော့
မည့်အကြောင်းရင်းအား ရှင်းပြရမည်။အခုတော့ အိမ်သို့ပြန်ကာ အနားယူဖို့
လိုနေသည်မလား။
အခုတလောအရမ်းကိုပင်ပန်းထားသည့်
စိတ်အစုံအား မိမိ၏အိပ်ယာထပ်က
ခေါင်းအုံးအဝါလေးပေါ်၌ အပ်ပြီး နာကျင်မှုကို
ဖြေဖျောက်ရမည်။တွေးတွေးတောတော ငေးငေးမောမောဖြင့်
လျှောက်လာတာ အိမ်ကိုတောင်ရောက်နေပြီ။
ခြံထဲမဝင်ခင် အမှတ်မရှိသော စိတ်၏စေရာ
အတိုင်း မျက်လုံးအစုံက ဟိုဘက်ခြံထဲကို
ကြည့်နှင့်နေုပြီဖြစ်သည်။ထို့နောက် ပါးပေါ်လိမ့်ဆင်းလာသည့်
ဖန်သားရောင်အရည်များ....တော်ပါတော့ Byun Baekhyun ရယ်
မင်းအဲ့လောက်တောင် မာနမရှိဘူးလား...??
ကိုယ်လောကကြီးကနေထွက်ခွာ
သွားရင်တောင်မှ မသိမယ့်သူအတွက်ကို
အခုမင်းက မျက်ရည်ကျနေရတာတယ့်လား...??ပါးပြင်ပေါ်က မျက်ရည်များအား
လက်ခုံဖြင့် အကြမ်းပတမ်းသုတ်ပြီး
အိမ်ထဲသို့သာ ဝင်လာခဲ့တော့သည်။" omma.....??? "
မီးဖိုခန်းထဲလည်း မရှိ၊အိပ်ခန်းထဲ၌လည်း
မရှိသော omma သည်ဘယ်များသွားနေပါလိမ့်။
အတွေးများမဆုံးခင် ဝင်ရောက်လာသည့်
ph မြည်သံ
YOU ARE READING
𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵
Romanceဦးကိုလေ.... အရမ်းချစ်တယ်... ဦးကိုလေ.... အရမ်းချစ်တယ်... Zawgyi,Unicode Cover By_Me