( 7 )

2.6K 303 66
                                    

"ဦး!!ဦး!!''

လာပါပြီ မနက်မိုးမလင်းခင်ကတည်းက
ကြားနေကြ စွာတာတာအသံလေး...

"ဦး!!''

တွေ့တယ်မလား...
ကျတော့်ကိုတွေ့အောင်မရှာသေးဘဲ
အသံဖြင့်အရင် ကျတော်အိပ်မရအောင်နှိပ်စက်
နေသည့် အကောင်ပေါက်

ပြီးတော့လည်း ထုံးစံအတိုင်း အိပ်ခန်းထဲမှာရှိတယ့်
ကျတော့်ဆီ ရောက်လာတာဘဲကိုး
ဘာလို့များ အသံကို အလကားဖြစ်အောင်
လုပ်နေလဲမသိ....

"ဦး!!ထတော့ မနက်မိုးလင်းနေပြီ''

အိပ်ယာက အနည်းငယ် နှိမ့်သွားသည်ကို
ခံစားမိတော့ သူလေး ကုတင်ပေါ်မှာ
တစ်ဖက်စောင်းကာ ထိုင်နေသည်ပြီး
နှုတ်ခမ်းပါးလေကလည်း အနည်းငယ်
ငြူဆူနေသည်ကို ကျတော်၏
မှိတ်ထားသော မျက်ဝန်းထဲ၌မြင်ယောင်လာကာ
နှုတ်ခမ်းအထက်၌လည်း အပြုံးလေးတစ်ပွင့်
ထိုကလေးကြောင့်ဖြစ်ထွန်းလာရသည်။

ဝန်ခံပါသည်။
ထိုကလေးနှင့်တွဲလာခဲ့သည့် နှစ်လဆိုသည့်
ကာလတစ်လျှောက် ပျော်ခဲ့ရသည့်နေ့တွေကသာ
ကျတော့်အား ကြီးဆိုးနေသည်

သို့သော်လည်း ကျတော်ထိုကလေးကို မချစ်ရဲ
ဒီတိုင်း သဘောကျသည့်အဆင့်၌သာရှိသည်။
"အချစ်'' ဆိုသည့် လူတိုင်းကြိုက်နှစ်သက်သည့်အရာ
တစ်နည်း ကျတော့်အားချုပ်နှောင်မှုများ၊
သောကများ သာပေးမည့်ထိုအရာကို
ကျတော်မိုက်ရူးရဲဆန်စွာ ကျတော့်ဘဝထဲသို့
ပေးဝင်မည်မဟုတ်။

ဒီတိုင်းလေးဘဲ အချုပ်အနှောင်ကင်းသည့်
Relationship တစ်ခုကိုသာကျတော်နှစ်သက်
သည်။

ကျတော် ခံယူထားသည့် Realtionship
သည် Love နဲ့ Sex နှစ်မျိုးတည်းသာ...
တစ်ပါးသူများကဲ့သို့ ချစ်တက်လာရင်
ဖြစ်ပေါ်လာသည့် သဝန်တိုမှု၊ဝမ်းနည်းမှု၊
ပျော်ရွှင်မှု တို့သည် ကျတော့်ဆီ၌မရှိ။

ထိုနည်းလည်းကောင်း ချစ်ရသူပျော်ရွှင်ဖို့
ကိုယ့်ဘက်က နာကျင်ကာ စွန့်လွှတ်တက်သည့်
အချစ်၊ချစ်ရသူ ပျော်ရွှင်စေဖို့ရန်အလို့ငှါ
မိမိဘက်မှစတင်၍ ပေးဆပ်ကာ အနစ်နာခံ
ပေးသည့်အချစ် စသည်တို့ကိုကျတော်မုန်းသည်။

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now