တစ်စတစ်စ လျင်မြန်စွာကုန်ဆုံးသွားသည့်
ရက်များ၏နောက်တွင် ကျတော်နှင့်
ချစ်ရသူ တို့၏လက်ဆက်မင်္ဂလာပွဲသည်
နီးကပ်သထက် နီးကပ်လာသည်။နဂိုစိတ်ဖြင့်သာလျှင် သာမာန်လူများသည်
မိမိတို့၏ ချစ်ရသူနှင့် ထာဝရပေါင်းဖက်ရခြင်းသည်
ဘဝ၌ပင် အဖိုးမဖြတ်နိုင်သော
ပျော်ခြင်းစုံမက်ခြင်းများထဲမှ တန်ဖိုးအရှိဆုံး
တစ်ခုပင်ဖြစ်လောက်မည်။အင်းးး
ကျတော်သည်လည်း ထိုသာမာန်လူများထဲတွင်
ပါကောင်း ပါနိုင်လိမ့်မည်။ပါမည်လို့ဟု တိလင်းစွာတော့မပြောနိုင်ပေ။
အကြောင်းကတော့ လက်တလော
အိပ်မက်ထဲထိ ဝင်ရောက်နှောက်ယှက်နေသည့်
အပြုံးနုနုတစ်ခုကြောင့်။အိပ်မက်ကမ္ဘာထဲ၌ ကလေးသည်
နှင်းဆီပွင့်ဖတ်ကဲ့သို့ အိစက်ထွေးနေသည့် သူ့
ပါးပြင်နှစ်ဖက်အား မို့တက်ဖောင်းသွားသည်အထိ
မိမိအားအလှဆုံး ပြုံးပြနေသည်။အပြုံးနုနုများသည် နေ့စဉ်နေ့တိုင်း ကျတော်၏
အိပ်မက်ထဲသို့ တိတ်တဆိတ် အလည်ရောက်လာ
တက်ကြ၏။ရောက်လာသည့် အခါတိုင်း၌လည်း ထိုအပြုံးများအား နောက်တစ်ကြိမ် ပိုင်ဆိုင်နိုင်ရန်ကြိုးစားသည်။
ထိုသို့ ပိုင်ဆိုင်သူဖြစ်အောင် ကြိုးစားတိုင်းလည်း
ထိုအပြုံးပွင့်၏ အရှင်သခင်သည် မိမိမဟုတ်ပေ။
ပိုင်ဆိုင်သူသည် အခြားသူဖြစ်နေသည့်
အတွက်ကြောင့် အိပ်မက်ဝန်းကျင်မှ
နာကျင်စွာ အမြဲနှိုးထရဆဲ။ရှုပ်ထွေးစပြုလာသည့်ခေါင်းကို ဆေးကြောရန်
အောက်ထပ်မှ ဝိုင်ပုလင်းများသာ
ထားသိုလှောင်သည့် မြေအောက်အခန်းသို့
ဆင်းလာလိုက်သည်။မီးရောင် ဝါဖျော့ဖျော့သာ ထွန်းထားသည့်
ဝိုင်များရှိရာအခန်းသို့ရောက်လာသည့်အခါ
1976 ခုနှစ်ထုတ် မက်မန်းဝိုင်အပြင်းစား
တစ်ပုလင်းအား ထုတ်လာလိုက်သည်။လွမ်းဆွတ် တမ်းတမှုများအား အမြည်းအဖြစ်သို့
ပြောင်းလဲကာ ပြင်းပြသည့်ဝိုင်တစ်ခွက်အား
လည်ပင်းထဲသို့ ပူလောင်မြိုက်စွာဆင်းဝင်စေသည်။
YOU ARE READING
𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵
Romanceဦးကိုလေ.... အရမ်းချစ်တယ်... ဦးကိုလေ.... အရမ်းချစ်တယ်... Zawgyi,Unicode Cover By_Me