( 6 )

2.6K 290 34
                                    

ဒီလ အတွင်းဖြေဆိုရသော စာမေးပွဲသည်
ကျတော်ဘဝတစ်လျှောက် ဖြေလာသည့်
စာမေးပွဲထဲ၌ အားအရဆုံးပင်ဖြစ်သည်။
တစ်နည်းပြောရရင်ဖြင့် ဦး သင်ပေး
သည့် ဘာသာကိုအကောင်းဆုံးဖြေနိုင်ခဲ့၏။

သတ်မှတ်ချိန်ကုန်လွန်သွားသည့်အခါ
မြည်အော်လာသော အချက်ပေးခေါင်းလောင်း
သံသည် ကျတော့်အားပို၍စိတ်လှုပ်ရှားစေပါသည်။
အကြောင်းမူကား ကျတော့်အား
လာကြိုစေရန် ဦးကို ဆော်ဩော်ထားသော
ကြောင့်ပင်။

မကြာမှီ နက်မှောင်ကာပြောင်လက်နေသည့်
ကားတစ်စီးသည် ကျောင်းဝန်းထဲသို့
မားမားတံ့တံ့ ဝင်ရောက်လာသည်။
ထို့နောက် ကားပေါ်မှဆင်းသက်လာသော
လူသားသည် ကျတော်၏နှလုံးသားရင်းမြစ်ပင်။

"ဦး!! တကယ်လာကြိုတယ်နော် ''

"sry ပါ ချာတိတ် ကိုယ်ငါးမိနစ်နောက်ကျသွားတယ်
လမ်းမှာ accident တစ်ခုဖြစ်နေတာနဲ့
ယာဉ်ကြောက အကုန်ပိတ်သွားတာ ''

ကျတော့်အား ဖြစ်စဉ်ကိုရှင်းပြနေသည့်
လူကြီး၏ ပုံသည်ငေးမောဖွယ်အတိ။
အဖြူရောင် လက်ရှည်ကိုတံတောင်ဆစ်အထိ
ခေါက်တင်ထားပြီး necktie လျော့တိလျော့ရဲ
ဖြစ်နေသည့် ဦး ပုံမှာလုံးဝကိုပြောစဖွယ်
စကားမရှိလောက်သည်အထိကို ပြည့်စုံလွန်း
လှပါသည်။

ထို့အပြင် ညာဘက်လက်ဖျံ အပေါ် အောက်
ထိုးထားသည့် tatoo သည်လည်း ဦး၏
ခန့်ညားမှုကိုပို၍ပင် အရောင်တောက်ပအောင်
ပံ့ပိုးပေးနေသည်။

ဘယ်အချိန်၊ဘယ်နေရာ၊ဘယ်ဒေသ ကိုဘဲ
ရောက်ရောက် ဦးအကြောင်းကိုတွေးမိတိုင်း
နွေးထွေးလာသော မိမိ၏နှလုံးသား။

"အာ ရပါတယ် ကျတော်က နောက်ကျတယ့်
သဘောနဲ့ပြောတာမဟုတ်ပါဘူး
တကယ်လာကြိုမယ် မထင်လို့လေ
အခုက လာကြိုတော့နည်းနည်း အံ့ဩသွားတာ''

"အဲ့တာဆို ကိုယ်တို့်ပြန်ကြတော့မလား ''

"ဟုတ်''

ကျတော် ကားမောင်းလာတယ့်တစ်လျှောက်
ချာတိတ်က ကျတော့်ကိုကွက်ကြည့်ကွက်ကြည့်
ဖြင့်ကြည့်လိုက်၊လက်သည်းထိပ်လေးတွေကို
ကုတ်ဖဲ့လိုက်၊ ထိပ်ဖျားလေးတွေကို ကိုက်လိုက်ဖြင့်
တစ်ယောက်တည်း ဗျာများနေသည်။

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now