" ရူးနေလို့ငါက သူ့ကိုပြန်ပြီးအခွင့်ရေးပေး
ရမှာလား ...!!! ''ကျယ်လောင်စွာထွက်ပေါ်လာသည့်
စကားချပ်ကြောင့် coffeee ဆိုင်ထဲမှ
လူများသည် baekhyun တို့စားပွဲဝိုင်းကို
စူးစမ်းသလို ကြည့်လာကြသည်။" baekhyun တိုးတိုးပြောစမ်းပါ
လူတွေဝိုင်းကြည့်နေပြီ ''အကြည့်များကြောင့် baekhyun
လည်းရှက်ကိုး ရှက်ကန်ဖြစ်ကာ
စကားဆက်ပြောရန် တထော်ထော်
ပြင်နေသည့် ဘဲနှုတ်ခမ်းအား အမိအရပြန်သိမ်း
လိုက်ရသည်။" အဲ့တော့ မနေ့က chanyeol ဆိုတယ့်
လူကြီးက နင့်ကိုဗြုန်းစားကြီး ချစ်ကြိုက်ကြောင်း
ဝန်ခံလိုက်တယ်ပေါ့ ''* nods *
" အဲ့တော့ နင်ပြောချင်တာက အခုလို
အပြောခံရတာတောင် ရင်ထဲဘာဆို ဘာမှ
မခံစားရဘူပေါ့ ''" ဟုတ်ပါတယ်ဆို ''
" မဟုတ်သေးဘူး တစ်ခုခုတော့လွဲနေပြီ ... ''
" မလွဲပါဘူး မနေ့ညက ငါသာမာန်လူလိုဘဲ
ကောင်းကောင်း အိပ်ပျော်တယ် မနက်ရောက်
တော့လည်း ကောင်းကောင်း စားခဲ့တယ်
အင်း ..... ပြောရမယ်ဆိုရင် အားလုံးက
လျှောလျှော ရှူ ရှူ အဆင်ပြေတယ် ''" နင်အဆင်မပြေပါဘူး baekhyun ရာ
နင့်မျက်ဝန်းတွေက အားလုံးပြောပြနေတယ်အခုချိန်မှာ နင်သူ့ကိုလှည့်မကြည့်ချင်လောက်အောင်
ထိကို မုန်းတီးပြီး စိတ်နာချင်နာနေလိမ့်မယ် .....
အဲ့ဒါကလည်း အခ်ျိန်အပိုင်းခြားတစ်ခုလောက်
ဘဲကြာမှာ ....ထာဝရတော့ နင်သူ့ကိုမမုန်းနိုင်ဘူး ....
ဘာလို့လဲတော့ မမေးနဲ့ ...
နင့်ဘက်ကအရင် သူ့ကိုစပြီး ချစ်ခဲ့တာမို့ ''" ငါ့ရဲ့အနာဂတ်ကိုတော့ ဘာဖြစ်မလဲဆိုတာကို
တပ်အပ်တော့မပြောနိုင်ဘူး .....
ဒါပင်မဲ့ သေချာတာတစ်ခုကတော့
ငါဘယ်တော့မှ chanyeol ဆီကိုပြန်မသွားဘူး ''
YOU ARE READING
𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵
Romanceဦးကိုလေ.... အရမ်းချစ်တယ်... ဦးကိုလေ.... အရမ်းချစ်တယ်... Zawgyi,Unicode Cover By_Me