ညနေရေချိုးပြီး အောက်ထပ်သို့ဆင်းလာနေတုန်း
လှေကားနားမှစ၍ မွှေးကြိုင်သည့်ရနံ့တစ်စုံကြောင့်
ထိုရနံ့၏ ဇင်းမြစ်အားရှာဖွေရန် နှာခေါင်းလုံးလုံးလေး
ကိုအသုံးပြုပြီး တစ်ရှုံ့ရှုံ့ဖြင့်ခွေးပေါက်လေးတစ်
ကောင်လို အနံ့ခံနေမိသည်။မီးဖို့ချောင်နားနီးလေ ထိုအနံ့သည် ပို၍ပင်စွဲမက်
ဖွယ်ကောင်းလာသောကြောင့် ခြေထောက်ပုတိုလေး
များအား စိတ်၏အလိုကျအတိုင်း ပို၍လျင်မြန်
အောင် အလုပ်ပေးလိုက်မိ၏။မီးဖိုချောင်၏အလယ်၌ ထီးထီးကြီးရှိသောကျွန်းစားပွဲ
ပေါ်၌ အပြည့်နေရာယူထားသည့် ရောင်စုံဆန်မုန့်
များအား Baekhyunတွေ့လိုက်ရသောအခါပါးဖြူဥဥလေးနှစ်ဖက်မို့တက်သည်အထိ လူယုတ်မာ
အပြုံးကိုဆင်မြန်းကာ စားပွဲပေါ်၌ရှိသည့် ပူပူနွေးနွေး
ဆန်မုန့်တွေနားသို့ မျက်စပစ်ကာ လက်နှစ်ဖက်ကိုအနောက်သို့ယှက်လျက် စားပွဲအနားသို့ မြောက်ကြွ
မြောက်ကြွဖြင့် ကြွမြန်းလာ၏ ။လက်မနဲ့လက်ညိုးကို အသုံးပြုကာ စားပွဲပေါ်မှ
အရောင်စုံဆန်မုန့်တစ်ခုကိုနှိုက်မြည်းရန် ပြင်နေတုန်း
မိမိ၏လက်ဖြူလေးကို *ဖျက်* ကနဲ့ရိုက်ချလိုက်
တာမို့ လက်ထဲမှ ပါလာသည့်ဆန်မုန့်ပန်းရောင်လေး
သည် သူ၏မူလပန်းကန်ထဲသို့ပြန်ရောက်သွားသည်"Omma!!!Arphayo..''
ရိုက်ချခံရသည့်အတွက်ကြောင့် အနည်းငယ်ရဲသွား
သောမိမိလက်လေးအား ကိုင်ရင်း Omma လက်ထဲ
ကပန်းရောင်ဆန်မုန့်လေးအား နှမြောတသစွာငေး
ကြည့်နေရုံမှ အပ...."ဒါတွေက စားလို့မရဘူး ဘေးအိမ်တွေကိုပေးရမှာ''
"အဲ့လောက် အများကြီးကို.....''
ပြောရင်းဆိုရင် ထပ်နှိုက်ရန်ပြင်လိုက်တော့ ထပ်ပီး
အချခံရလေ၏။"အ့!Omma!!Arphayo...''
"Hyunee လေး ဒီဟာလေးတွေကို ဘေးအိမ်တွေ
ဆီသေချာပို့ပေးနော် ''"ပေး!!ပေး!!''
"အဲ့လိုမျက်နှားထားနဲ့သာ သွားပေးမယ်ဆိုရင်ပြန်
လာရင်ဆန်မုန့်ကိုနှိုက်မယ်မကြံနဲ့ ''
YOU ARE READING
𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵
Romanceဦးကိုလေ.... အရမ်းချစ်တယ်... ဦးကိုလေ.... အရမ်းချစ်တယ်... Zawgyi,Unicode Cover By_Me