( 5 )

2.5K 296 45
                                    

ဒီနေ့တော့ ကျောင်းကအပြန်ဘယ်မှ ဝေ့မနေတော့
ဘဲအိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။
လမ်းမှာတွေ့နေသမျှအရာ အားလုံးသည်လှပနေသ
ယောင်။
ယုတ်စွအဆုံး လမ်းဘေးမှာရောင်းနေသည့်
တော့ပိုကီတောင် ခါတိုင်းထပ်ပို၍အရောင်အသွေး
များကြွယ်ဝနေသလို။

တွေ့သမျှ လူတိုင်းသည်လည်း အားလုံးနီးပါး
အချောအလှတွေချည်း။လမ်းတစ်လျှောက်မြင်လာ
ခဲ့သမျှ သစ်ပင်၊ပန်းပင်များသည်လည်း ကျတော့်
အား အားတက်သရော ပြုံးပြနေသယောင်။

လမ်းလျှောက်လာရင်း အငွေ့တထောင်းထောင်းဖြင့်
ရောင်းနေသည့် ရွှေငါးပါမုန့်ဆိုင်ကိုမြင်လိုက်ရသည့်
အခါ ချက်ချင်းဆိုသလို ကျတော့်စိတ်ထဲ၌သတိရ
လိုက်သည်ကား '''ဦး'''...
ထိုငါးပါမုန့်ကို '''ဦး''' ကြိုက်သည်ဟုစိတ်ထဲ၌ သတိ
လိုပေးနေသောကြောင့် ဝယ်ရန်ဆုံးဖြတ်လိုက်
သည်။
တကယ်လို့ '''ဦး '''မကြိုက်လည်း OMMA ကိုကျွေး
ရုံပေါ့...

"NOONA ကျတော့်ကို ငါးပါမုန့် ငါးခုလောက်
ပါဆယ်ထုပ်ပေးပါ "

ကျတော့်စကားကြောင့် ဆိုင်ရှင်သာမက
ဘေး၌ဝယ်နေသည့်လူအချို့ကလည်း ကျတော့်အား
ပြူးတိပြူးကြောင်ဖြစ်နေသည်။
သို့သော် ကျတော့်ကို သူတို့ဘာကြောင့်ကြည့်လဲ
မသိ။

"ရော့ ကောင်လေး ''

"ကျေးဇူးတင်ပါတယ် NOONA ''

"AGIOO ဒီကောင်လေး ဈေးသည်ကိုဘယ်လ်ိုပြော
ရင် ပိုရလဲဆိုတာကောင်းကောင်းသိပုံရတယ် ''

"NAE!?''

ဆိုင်ရှင်ပြောလိုက်သည့်စကားကြောင့် ကျတော်
အနည်းငယ်စဉ်းစားမိရမှ ပေါ်လာသည့်အတွေးတစ်
ချို့။
အကြောင်းကား ကိုယ့်အမေထပ်အသက်ကြီးရုံသာမ
က ကိုယ့်အဘွားအရွယ်ရှိနေသည့် လူတစ်ယောက်
ကို ကျတော်က NOONA လို့ခေါ်လိုက်သည်က
တခြား သူများအတွက်အထူးအဆန်းဖြစ်နေသည်။

"ရော့ ဒီက NOONA ကအပိုနှစ်ခုထည့်ပေးလိုက်
တယ်''

"Gomawoyo''

ဟုပါတယ်.....
ကျတော် ဒီလိုစိတ်အခြေအနေသာယာနေသည့်
အကြောင်းမူကား..
ညနေ၌ '''ဦး''' အိမ်သို့စာသွားသင်ရမည်ဆိုသည့်
အကြောင်းပြချက်တစ်ခုကြောင့်သာ....

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now