ကျတော် ထို Chanyeol ဆိုသော လူကြီးနဲ့တွေ့ပြီး
သည့်နေ့ကစ၍ အသက်ရှူတယ့်နေ့ရက်တိုင်းမှာ
ထိုလူကြီးသည် ကျတော်၏ဝင်သက်ထွက်သက်
တိုင်းလိုလို၌ အမြဲတစေပါလာတက်၏။အိပ်လည်း ထိုလူကြီး...
စားလည်း ထိုလူကြီး....
မနက်အိပ်ယာကနိုးလည်း ထိုလူကြီး...
ယုတ်စွအဆုံး ကျတော့မျက်လုံးထဲကမြင်သမျှ
လူတိုင်းသည် ထိုလူကြီးမျက်နှာများသာဖြစ်သည်။ကျတော်၏ လူကြီးရောဂါသည်ရင့်နေပြီထင်။
ထိုရောဂါကို ကျတော် 'အချစ်' ဟုနာမည်တပ်သင်
သလား..??နေ့စဉ်နှင့်အမျှ ထိုလူကြီး၏မျက်နှာတော်ကို ဖူးချင်
လို့ကျတော့်မှာ သူ့အိမ်ကို ကျတော့်အိမ်ဘက်မှနေ၍
ထောက်လှမ်းရသည်မှာအမော....။
ကျတော်ထိုလူကြီး၏အကြောင်းကိုကြားရသ
လောက် အကုန်နီးပါးအဆင်ပြေပါသည်။
ရုပ်ရည်၊နောက်ခံအသိုင်းအဝိုင်း၊စီးပွားရေး၊လူမှူရေးအင်းးး လူမှုရေးကတော့ လိုတာထပ်ကိုပိုနေသည်
ဟု ကျတော်ထင်မိ၏။
ထိုသည်သည်မှာလည်း အမျိုးသမီးများအပေါ်၌သာ
အကျိုးဝင်သည်။
ကျတော်သည် ထိုလူကြီးနှင့်ပတ်သက်တာမှန်သမျှ
ကိုအားလုံးနီးပါးသိသော်လည်း လူကြီး၏အချစ်ရေး
သည် မည်ကဲသို့ရှိနေသည်ကို ယခုအချိန်ထိအတိအကျမသိရသေး။ကျတော် လူကြီးကိုမြင်ခဲ့သည့် နှစ်ခါလုံး၌ လူကြီး၏
ဘေးနားမှာ ဝဲနေသည့်လိပ်ပြာလေးများသည်
တစ်ကောင်နှင့် တစ်ကောင်မတူ။
ဟုပါသည်....
ဒုတိယအကြိမ်အဖြစ် လူကြီးကို လမ်းထိပ်ကကော်ဖီ
ဆိုင်ထဲမှာ လိပ်ပြာလေးတစ်ကောင်ဖြင့်ထပ်တွေ့ခဲ့ပါ
သေးသည်။သို့သော် ထိုလိပ်ပြာလေးသည် ပထမ
အကြိမ်အဖြစ် လူကြီးအိမ်၌ တွေ့ခဲ့သော လိပ်ပြာ
လေးမဟုတ်ခဲ့။ထိုအချိန်မှ စ၍ လူကြီးနှင့်ပတ်သက်၍ကျတော်သိ
လိုက်ရတာတစ်ခုသည် လူကြီးသည်မိန်းကလေးများ
ကိုသာစိတ်ဝင်စားကြောင်း...
ကျတော်လို ဆွဲမက်စရာမရှိတယ့်သူ တစ်နည်းအား
ဖြင့်သူနှင့်ဖွဲ့စည်းပုံက အစတူနေသော ကျတော့်အ
တွက်ကမူ မျှော်လင့်ချက်မဲ့စေပါသည်။ကျတော်၏သူငယ်ချင်းဖြစ်သူ SEHUN ကတော့
ကျတော့်ကိုရှေ့ဆက်ပြီးတိုးသင့်ကြောင်း၊ကျတော်၏
ခံစားချက်တွေကို လူကြီးထံ၌ဝန်ခံသင့်ကြောင်း
ထိုကဲ့သို့ အားပေးအားမြောက်ပြုပာသည်။
YOU ARE READING
𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵
Romanceဦးကိုလေ.... အရမ်းချစ်တယ်... ဦးကိုလေ.... အရမ်းချစ်တယ်... Zawgyi,Unicode Cover By_Me