( 8 )

2.7K 342 77
                                    

နိုးထလာသည့်နေ့ရက်တွေသည်
အဓိပ္ပါယ်အတိ ကင်းမဲ့နေသလို
လုပ်ဆောင်နေသည့် အရာများသည်လည်း
ကျတော်ဆိုသည့် Byun Baekhyun အား
မည်သည့်တန်ပြန်မှုမျှ မပေးနိုင်။

ဦး ကိုချစ်တယ့်အချစ်က ဦး ထင်ထားတာထက်
ကိုပိုပြီး လေးနက်တယ်ဆိုတာ ဦးသာသိခဲ့
မယ်ဆိုရင် ကျတော့်ကိုအခုလိုထားသွား
မှာမဟုတ်ဘူးနော်။

တစ်ခါတစ်လေကျရင် အခြားသော သမီးရည်းစား
များကဲ့သို့ သဝန်တိုလိုက်ကြ၊ရန်ဖြစ်လိုက်ကြ၊
ပီးရင် ပြန်ချော့ ထိုကဲ့သို့ပင် ပေါ့ပေါ့ပါးပါး
ဆက်ဆံရေးကို လိုချင်ပါသော်လည်း
ဦး နဲ့ကျတော်နဲ့ ဆက်ဆံရေးသည်
ကျတော့်ဘက်ကသာ တစ်ဖက်သက်ဖြစ်တာမို့
ရည်းစားဖြစ်စဉ် လပိုင်းကာလ၌လည်း
မည်သည့်ပျော်ရွှင်မှု ကိုမျှမခံစားရ..။

ဟူးးးး......
အခုမှ ပြန်တွေးပြီးသတိရတော့ ဘာလုပ်လို့
ရတော့မှာလဲ Byun Baekhyun
အရာအားလုံးက လွန်ခဲ့သည့်နှစ်ပတ်ကတည်း
ကပြန်ဆက်လို့မရတော့အောင် ပြီးဆုံးသွား
ခဲ့တာဘဲလေ။

ပြန်တွေးလိုက်တိုင်း အမြဲတစေကျဆင်းလာသည့်
မျက်ရည်များ....

တော်သင့်ပြီ...
နှလုံးသားတစ်ခုလုံး ပြန်ဆက်လို့မရနိုင်အောင်
နာကျင်ပျက်စီးခဲ့ပြီဘဲ..
ထပ်ပြီးနာကျင်အောင်မနေပါနဲ့တော့..
အခုဖြစ်ပေါ်လာခဲ့တယ့် ခံစားချက်တွေအားလုံးက
မျက်စိလည် လမ်းမှားပြီးငါ့ဆီကို
ခဏရောက်လာတာဘဲ...။

သေတယ့်သူလို မနေပါနဲ့
မင်းက မင်းထင်ထားတာထပ်ပိုပြီး
တန်ဖိုးရှိတယ့်သူပါ Baekhyun

မိမိ ကိုယ်ကိုအားပေးရင်း
နောက်နေ့သစ်တွေကို အကောင်းဆုံးများကိုသာ
ရွေးပြီးဖန်တီးမယ်။
အရာအားလုံးကို မေ့ပစ်ပြီး......
မလုပ်နိုင်လည်း လုပ်နိုင်အောင်ကြိုးစားရမယ်။

"Omma ဘာလုပ်နေတာလဲ ''

"နောက်ဆုံးတော့လည်း Omma သာ
လေးအခန်းပြင်ကို ထွက်နိုင်ခဲ့ပြီဘဲ''

"Omma...သားကကြံ့ခိုင်တယ့်သူပါနော
ပျော့ညံ့တယ့်သူစားမဟုတ်ဘူး''

 𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵Where stories live. Discover now