မောင် အိပ်ပျော်နေခဲ့သည်မှာ တစ်လတိတိ
ရှိနေပြီဖြစ်သည်။
ဆရာဝန်များသည်လည်း တစ်နေ့နှစ်ကြိမ်မျှသာ
အားဆေးများသွင်းသွားသည်။မောင်၏ ကျန်းမာရေးအခြေအနေ တိုးတက်မှု
ထူးခြားချက်ရှိကြောင်း မရှိကြောင်းလည်း
မပြော။
မေးလျှင်လည်း ဒီတိုင်းဘဲ ဆိုသည့်စကားအပြင်
အခြားမောင့်ကျန်းမာရေးနှင့် ပတ်သက်သည့်
အကြောင်းအရာတစ်စိုးတစ်စိ မှန်သမျှ
မကြားခဲ့ရ။
အားဆေးသွင်းပြီးတော့သာ ဆိုင်ရာပိုင်ရာ
နေရာများစီသို့ အလျှိုလျှိုထွက်သွားကြသည်။အခုလည်း ခါတိုင်းနေ့များကဲ့သို့အားဆေးသွင်းပြီး
ပြန်ကြရန် ပြင်ဆင်နေကြသည်။ဒီနေ့တော့ ဆရာဝန်များကို မောင်၏
ကျန်းမာရေးအခြေအနေကို သိအောင်ကို
မေးရမှဖြစ်မည်။
တကယ်လို့သာ နှုတ်ပိတ်နေဦးမည်ဆိုပါက
တခြားဆေးရုံကို စက္ကန့်မခြားဘဲပြောင်းရမည်။" Dr မောင့်ရဲ့အခြေအနေက ?? အလှူရှင်ကိုရော
ရှာတွေ့ပြီလား ?? "" ဒီလိုပါဘဲ . . . . သိပ်ပြီးထွေထူးတာမရှိပါဘူး "
" လူနာတစ်ယောက်ရဲ့ကျန်းမာရေးနဲ့သက်ဆိုင်
တယ့်ဆရာဝန်တစ်ယောက်အဖြေက
ဒါအကုန်ဘဲလား !! ရှင့်ကိုဒီထက်ပိုဖြေနိုင်မယ်
ထင်နေတာ တကယ်တော့အလကားသုံးစား
မရတယ့် အဖြေကိုဘဲပြန်ပေးတာဘဲ "" ဒီမှာလူနာရှင် ကျတော်တို့က လူနာခံစား
နေရတယ့်ကျန်းမာရေးနဲ့သက်ဆိုင်တယ့် details
ကို လူနာရှင်ဖြစ်တယ့်ခင်ဗျားတို့ကိုပြောပြရင်
ပိုပြီးစိတ်ဆင်းရဲ၊စိတ်ဓာတ်ကျမှာစိုးလို့
မပြောဘဲနဲ့ထား ထားတာ . . . . "" အစကတည်းက Dr ပြောတယ့်စကားနဲ့တင်
စိတ်ဓာတ်က ခြေထောက်အောက်ရောက်နေ
ပြီးသားပါ "" လူနာကရှားပါးရောဂါကို ခံစားနေရတယ်
ခင်ဗျားတို့ကပါ စိတ်ဓာတ်မခိုင်မာရင် ရှေ့ဆက်
သွားဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူး "" အဲ့တော့ Dr ပြောချင်တာက "
" ကျတော်တို့ဘက်က ဒါအစွမ်းကုန်ကုပေး
ထားတာပါ။လူနာရဲ့ရောဂါကိုက အသက်ရှင်ဖို့ထက်
အသက်အန္တရာယ်ရှိတယ့် ရာခိုင်နှုန်းကပိုများ
နေတာဆိုတော့ ဒီတိုင်းဘဲစောင့်ကြည့်ရုံမှအပ
ကျတော်တို့ဘက်က လုပ်ပေးနိုင်တာမရှိတော့ဘူး
ကျန်တယ့်အပိုင်းကတော့ ဘုရာသခင်နဲ့ဘဲ
သက်ဆိုင်တော့တယ် "

YOU ARE READING
𝑳 𝑶 𝑽 𝑬 |𝒗𝒔| 𝑷 𝑨 𝑰 𝑵
Любовные романыဦးကိုလေ.... အရမ်းချစ်တယ်... ဦးကိုလေ.... အရမ်းချစ်တယ်... Zawgyi,Unicode Cover By_Me