Part 1

41.8K 2.2K 118
                                    

--Zawgyi--

"ဦးဂျွန်... ကျွန်တော့်ကို "စ" နေတာလား။ အဲ့လိုကြီး မစနဲ့လေ"

ရေခဲမုန့်ကို ပလုပ်ပလောင်းစားနေရင်းက ဒါမျိုးတော့ လာမစနဲ့ဆိုသည့်ပုံနှင့် ဘေးမှာထိုင်နေသည့် ဦးဂျွန်ကို ကြည့်မိသည်။

ဦးဂျွန်အရှေ့မှာ Appaဆီက ဆော်ပလော်တီးတာကို ခံရခြင်းက ပထမဆုံးအကြိမ်မဟုတ်တော့။ Appaက ကြိမ်လုံးနှင့်လိုက် ရိုက်မည်။ ကျွန်တော်က တစ်အိမ်လုံး အပေါ်ထပ် အောက်ထပ် ၊ အိမ်သာ ရေချိုးခန်းမကျန် လျှောက်ပြေးပြီး ပုန်းအောင်းမည်။

ဦးဂျွန်လာလည်တဲ့အခါမျိုးနှင့် ကြုံကြိုက်ခဲ့ရင်တော့ မျက်ရည်ပေါက်ကြီးငယ်ကျပြပြီး ဦးဂျွန်နောက်မှာဝင်ပုန်းကာ
Appa တို့က မတရားရိုက်နှက်နေသလိုတိုင်ပြောမည်။
ထိုအခါဦးဂျွန်က "Hyungရယ် ကလေးကို ပါးစပ်နဲ့ပြောပြီး ဆုံးမလဲရပါတယ်"ဟု အစချီပြီး Appaကို တရားချမည်။

ပြီးရင် အခုလိုပဲ ကျွန်တော့်ကို အပြင်မှာမုန့်ဝယ်ကျွေးမည်ဟု ဆိုပြီး ချော့မော့ကာခေါ်ထုတ်လာမည်။ကျွန်တော်ကလဲ နှပ်ချေးတွဲလောင်းနှင့် ဦးဂျွန်ဝယ်ကျွေးသမျှကို စားသောက် ပစ်မည်။ ဒါဟာ ဘာမှမထူးဆန်းလှတဲ့ ဖြစ်ရိုးဖြစ်စဉ်..

အခုထူးဆန်းနေတာက ဦးဂျွန်။
ဘာစကားတွေပြောချလိုက်ပါသနည်း ဦးဂျွန်?

"ဦးဂျွန် စ နေတာမဟုတ်ဘူး ကလေး"

"ဘာ.."

"ဘယ်အချိန်တုန်းက စခဲ့လဲသေချာမသိပေမဲ့ ဦးဂျွန်"

"တော်တော့ ဦးဂျွန်။ ကျွန်တော် Appa နဲ့တိုင်ပြောမှာနော်"

"ဦးဂျွန် ကလေးကို ချစ်တယ်"

"ဦးဂျွန်"

Jiminတစ်ယောက် မျက်စိစုံမှိတ်ကာ အသံကုန်အော်ဟစ် ပစ်လိုက်သည်။ အခု ရည်းစားစကားအပြောခံလိုက်ရတာ လား။ အသက် ၄၀ နားကပ်နေတဲ့ ၊ ဦးလေးအရင်းခေါက် ခေါက်လို ချစ်ရတဲ့ ဦးဂျွန်ဆီကနေလေ။

ဦးဂျွန်   /    ဦးဂျွန်Where stories live. Discover now