အချပ်ပို- ၂

10.8K 951 63
                                    

Unicode

အချပ်ပို - ၂

စားချင်တာတွေစားခွင့်ရမယ့် နေ့ဟူ၍ သတ်မှတ်ထားရုံအပြင် မပိုခဲ့သော ရက်စွဲလေးတစ်ခုအတွက် Jiminတစ်ယောက် အခုလောက်ထိ စိတ်လှုပ်ရှားပြီး ပြင်ဆင်နေရလိမ့်မယ်လို့ ဘယ်သူကများခန့်မှန်းထားမိပါ့မလဲလေ...။သဘက်ခါဆို ဦးဂျွန်ရဲ့ မွေးနေ့ရောက်တော့မှာမို့ Jiminတစ်ယောက် စိတ်လှုပ်ရှားနေသလို အလုပ်တွေလဲ ရှုပ်နေလေသည်။

Soobin တို့ ဦးလေးပိုင်ဆိုင်သည့် 79 Bar သို့ Soobinနှင့်အတူရောက်နေခဲ့ပြီး ဦးဂျွန်မွေးနေ့အတွက် သူလိုချင်တဲ့ပုံစံလေးစီစဉ်ပေးဖို့ ဦးလေးဖြစ်သူနှင့်တိုင်ပင်ပြီးနောက် ကော့တေးတစ်ခွက်မှာယူ
ကာ ကောင်တာမှာထိုင်သောက်နေလိုက်သည်။

"သီချင်းဆိုပြမယ် Hyung ... ဘယ်သီချင်းနား
ထောင်ချင်လဲ"

Jiminရဲ့အရှေ့မှာ အရမ်းကိုသီချင်းဆိုပြချင်နေကာ
Jiminရဲ့ ချီးကျူးမှုကို ခံယူချင်ရှာသော Soobinက သံစုံတီးဝိုင်းက ဂီတာလေးကို သွားယူလာကာ သီချင်းတစ်ပုဒ် တောင်းဆိုခိုင်းသည်မို့ ဦးဂျွန် မကြာခဏဆိုညည်းနေတတ်တဲ့
Lady Antebellum ၏ "American Honey" လေး
ဆိုပြဖို့ တောင်းဆိုလိုက်တော့ Soobinက
"သူ့အဖိုးကြီးကြိုက်တဲ့သီချင်းတွေ" ဟူ၍ တီးတိုးရေရွတ်ကာ ဂစ်တာကြိုးကို ညှိလိုက်သည်။

တီးလုံးသံလေး ထွက်ပေါ်လာတဲ့အခါ Soobin နဲ့အတူ သူပါခပ်တိုးတိုး လိုက်ညည်းနေမိသည်။ သီချင်းတစ်ဝက်လောက်ရောက်တော့ အပြင်ဘက်ကို မျက်နှာမူပြီးထိုင်နေသည့် Soobinက ဝင်ပေါက်ဘက်ကို မေးငေါ့ပြကာ

"ဆရာJeonကို ခေါ်ထားတာလား"

"မခေါ်ပါဘူး"

Soobinကိုအဖြေပြန်ပေးရင်းနှင့် သူညွှန်ပြရာဆီ
လှမ်းကြည့်မိတော့ ဦးဂျွန်နှင့် အန်တီJi Yeonတို့
နှစ်ယောက်တွဲကို လှမ်းတွေ့ရသည်။အလိုလိုနေရင်း
မျက်မှောင်ကျုံ့မိကာ-

"ဦးဂျွန် ..."

Jungkookကလဲ မထင်မှတ်ထားလဲ  Jiminကိုတွေ့
လိုက်ရသည်မို့ အံ့အားသင့်သွားပေမဲ့ Jiminဘေးမှာ
ထိုင်နေသည့် ကျောင်းသားJohnကို ပြုံးပြနှုတ်ဆက်
ကာ

ဦးဂြၽန္   /    ဦးဂျွန်Where stories live. Discover now