Zawgyi
"ကလေး ဘယ်အရောင်လေးလှလဲ။ ဒါလေးက ပိုပြီးကြည့်ကောင်းတယ်နော်"
အဝါဖျော့ဖျော့ ရှပ်လက်ရှည်လေးကို လှုပ်ရမ်းပြရင်း
Jiminဆီက ဆုံးဖြတ်ချက်ကို လှမ်းမေးနေတဲ့ ဦးဂျွန်ကို Jiminအသေအချာ အကဲခတ်နေမိသည်။သတိမေ့ပြီးမှ ပိုပြီးနုရွကာ ပိုပြီးတော့လဲ ရှိုးထုတ်လာသည်။
Jiminက မီးခိုးရောင် ရှပ်အကွက်လေးကို ကိုင်မြှောက်ပြ ရင်းပြန်ပြီးမေးခွန်းထုတ်မိသည်။"ကောင်းပါတယ်။ ဒါက ပိုပြီးကြည့်မကောင်းဘူးလား"
"အဲ့အရောင်တွေ မကြိုက်တော့ဘူး။ ကလေးက အဲ့ဒါလေး လှတယ်ထင်လို့လား"
"အွန်း"
"အဲ့ဒါဆို ကလေးအဲ့ဒါလေး ယူမလား"
"ဒီ အုံ့မှိုင်းမှိုင်းကြီး ကျွန်တော်ကဘာလို့ယူရမှာတုန်း။
မြန်မြန်ရွေး..ဂျီးကိုများတယ်"ကျွန်တော့်ကို ဘာတွေမှန်းမသိ ပွစိပွစိပြောဆိုရင်း ပိုက်ဆံသွားရှင်းနေတော့သည်။
မရှည်တဲ့စိတ်ကို အတတ်နိုင်ဆုံးဆွဲဆန့်ရင်း ဦးဂျွန်အလိုရှိ သမျှကိုလိုက်ပြီးရွေးချယ်ပေးနေမိသည်။ ဦးဂျွန် ရဲ့အပြုံးတွေ ကြောင့်အမြဲလိုလို စူပုပ်နေတတ်သည့် Jiminလေး၏ မျက်နှာမှာလဲအပြုးတစ်ချို့က ပုန်းလျှိုးကွယ်လျှိုးလေး ထွက်ပေါ်နေသည်။
အလိုရှိသမျှကို ဝယ်ယူပြီးနောက်တွင်တော့
အနက်ရောင် ဦးထုပ်လေးကို Jimin၏ ခေါင်းမှာ ဆောင်း ပေးကာနောက်ထပ် ဆင်တူတစ်ခုကို သူ့ခေါင်းပေါ်မှာ ဆောင်းလိုက်သည်။ပြီးနောက် ဆိုင်အတွင်းရှိအရုပ်တစ်ခု
တွင် ဆင်ပေးထားသောဂျင်းအနွေးထည်လေး တစ်ထည်ကို ယူလိုက်ကာ...."ဒီနေ့ တို့ကလေးလေး ငြိမ်နေပါလား။ ဒီဦးထုပ်လေး နဲ့
ဂျင်း အင်္ကျီ လေးက ကလေးနဲ့လိုက်တယ်။ ဦးဂျွန် ဝယ်ပေး မယ်"တစ်ယောက်ထဲ မှတ်ချက်တွေပေးနေရင်း ဆိုင်ဝန်ထမ်းဆီသို့
နောက်ထပ် ဂျင်းအင်္ကျီတစ်ထည်ကို ထပ်မံတောင်းယူ နေပြန်သည်။"ဒီ အင်္ကျီမျိုးလေး size နည်းနည်းကြီးတာရှိဦးမလား"
"ရှိတယ်အစ်ကို"