Zawgyi
ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသော အေးစက်စက် ရေထု၏
အထိအတွေ့ကြောင့် အသိပြန်ဝင်လာခဲ့သည်။ ဟိုနား သည်နားမှ စပ်ဖျင်းဖျင်းနာကျင်နေလျက် မျက်လုံးဖွင့်
ဖို့ပင် အနိုင်နိုင်..."ဟေ့လူ...ခင်ဗျား ထစမ်းပါဦး"
Jimin တစ်ယောက် ဘယ်နေရာကိုရောက်နေပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အလျင်အမြန် တွေးကြည့်ကာ ပိတ်လုနီးနီးဖူးယောင်နေသော မျက်ခွံတို့ကို အားတင်းပြီး ဖွင့်ကြည့်လိုက်တော့အရှေ့တည့်တည့်ကလူ၏ မျက်နှာသွင်ပြင်ကို မြင်တွေ့လာရသည်။
ထိုသူ၏မျက်နှာမှာလဲ Jimin ကဲ့သို့ပင် ဟိုနားသည်နား
သွေးစများထွက်နေလျက် ဖူးယောင်စုတ်ပြတ်နေသည်ပေ။"ခင်ဗျား ဘာကောင်လဲ..ကျုပ်နဲ့ရန်ညှိုးရန်စရှိလို့လား"
"မင်းကိုငါ ထောင်ထဲထည့်မှာ"
"ထောင်ထဲထည့်မယ်!... ဟား ဟား ကျွန်တော်က အရမ်းသွားချင်နေတာ။ လာလေ..သွားကြတာပေါ့ "
ထိုကျောင်းသားက မတ်တပ်ထရပ်ကာ Jiminကိုလဲ ဆွဲထူသည်။
"ပြောကြည့်ပါဦး.. ဘာလို့ ထောင်ထဲထည့်ချင်ရတာလဲ"
"လာခဲ့"
Jimin က သူ့ထက် အနည်းငယ် အရပ်မြင့်သလိုရှိသော ထိုကျောင်းသား၏ အင်္ကျီ ကော်လံစမှဆောင့်ဆွဲကာ
ခေါ်လာပြီးနောက် လမ်းမထက်က taxi တစ်စီးကို တားသည်။သွေးသံတရဲရဲ ဖြစ်နေသော သူတို့နှစ်ယောက်၏ ပုံစံကြောင့်
တော်ရုံနှင့် ကားငှါး၍မရနိုင်တာမို့ ကျောင်းသားက စကားစလာသည်။"ကျွန်တော့်မှာ ကားပါတယ်။ ကျွန်တော့်ကားနဲ့ သွားကြ တာပေါ့"
ခပ်မှေးမှေးမျက်လုံးတစ်ဖက်ကို မှိတ်ပြကာ ပြောဆိုနေပုံက
Jimin ၏ ဒေါသကို ပို၍ဆူပွက်လာစေသည်။"မင်းေ-ာက်ပါးစပ်ပိတ်ထား"
"Aishhh ဒါဆိုလဲ ကားရမှ ထမယ်...အဲ့မှာ ရအောင်ငှါး"
ခြေပစ်လက်ပစ်နှင့် ပလက်ဖောင်းပေါ်ထိုင်ချသည်။
၁၅မိနစ်လောက်ကြာတော့မှ ကားငှါးလို့ရခဲ့တာမို့ Jimin က ရဲစခန်းဆီသို့မောင်းခိုင်းလိုက်သည်။