Part 10

14.7K 1.5K 131
                                    

Zawgyi

"ဟယ်လို..."

"ဟယ်လို..Appa"

Appaဆီက ဖုန်းဝင်လာခဲ့တာမို့ ထမင်းစားနေရင်းနှင့် အလျင်အမြန်ပဲ ကိုင်လိုက်သည်။ ဒီနေ့ ဦးဂျွန် ဆေးရုံကဆင်းတဲ့နေ့...

"သားရေ... ဒီမှာကွာ မင်းရဲ့ဦးဂျွန်က သူ့အခန်းpass word ကိုမမှတ်မိတော့လို့"

လောလောဆယ်တော့ ဦးဂျွန်ကို ကျွန်တော်တို့အကုန်လုံးက ဝိုင်းပြီး လိမ်ထားရသည့်အဆင့်ဖြစ်သည်။ ကျွန်တော် စာမေးပွဲနီးလို့ ဦးဂျွန်အခန်းမှာ နေပြီးတော့စာလာကြည့်ခဲ့ ကြောင်း မုသားစကားဆိုထားခဲ့ကြသည်။

"ဟိုဟာ... အခန်းpassword က သားရဲ့မွေးနေ့ပဲ Appa"

"အော်..အေးပါ..အေးပါ။ ဒီမှာ မင်းရဲ့ဦးဂျွန်က မင်းလိုက်မလာလို့ဆိုပြီး မေးနေတယ်"

Nam Joon စကားမဆုံးခင်မှာပင် Jiminက ဖုန်းချလိုက်ပြီဖြစ်သည်။ ဖြစ်နိုင်ရင် ထိုလူကြီးနဲ့ပတ်သက်ပြီး ဘာမှကို မကြားချင်တော့တာ။ ကိုယ့်ဘာကိုယ် လျှာရှည်ပြီး ပြောင်းထားတဲ့Passwordကိုတောင် မမှတ်မိရှာဘူးတဲ့။ ဟာသပဲ။ကျွန်တော့်ကိုပါ တစ်သက်လုံး ပြန်မှတ်မိ မနေနဲ့တော့...

တစ်ဖက်က Jungkook တို့ သားအမိနှင့် Nam Joon တို့ကလဲ

"Jiminကွာ..ဒီမှာစာလာကြည့်တဲ့ရက်တွေတုန်းက
Jungkookရဲ့ အခန်းpassword ကို ပြောင်းသွားတာ ထင်တယ်"

"ဟုတ်လား.. ကလေးက သူ့မွေးနေ့ကို password လုပ်သွားတာကိုး.."

"Jungkook ပြောင်းချင်ရင် ပြန်ပြောင်းနော်"

"မပြောင်းချင်ပါဘူး။ ဒါလဲ ကောင်းတာပဲ"

Nam Joon တစ်ယောက် သားဖြစ်သူနှင့် Jungkook
ကြားတွင် သက်ပြင်းခိုးချရလွန်းလို့ အသက်တိုနိုင်ဖွယ် ရှိသည်။

"Hyung...ကျွန်တော့် အခန်းထဲမှာ ကုတင်က နှစ်ခုဖြစ်နေတယ်"

"အေး..အဲ့ဒါကလဲ... ဟိုဟာလေ"

"ကလေး စာလာကြည့်တုန်းက ပူဆာသွားတာထင်တယ်။
စိတ်ညစ်ပါတယ်။ ဘာလို့များ အကုန်မေ့ကုန်ရလဲ မသိဘူး"

"သား..ပင်ပန်းနေရင် အရမ်းမတွေးနေနဲ့လေ။ နားလိုက်ဦး"

"ဟုတ် ။ အခုလိုကျတော့လဲ အဆင်ပြေသွားတာပေါ့။
မေမေ ဒီဘက်ကုတင်မှာ အိပ်လို့ရတယ်"

ဦးဂျွန်   /    ဦးဂျွန်Where stories live. Discover now