--Zawgyi--
စိတ်ဖိစီးခြင်း အထိတ်တလန့်ဖြစ်ရခြင်းနှင့် ငြင်းဆန်လိုမှု အလိုမကျမှုတို့ရောပြွန်းကာ အစာငတ်ခံဆန္ဒပြပြီးနောက် Jimin လေးခမျာ အိပ်ရာထဲ ဘုံးဘုံးလဲချေပြီ။
ထိုသတင်းကြားကြားချင်း Jungkookတစ်ယောက် ကျောင်းကပြန်သည်နှင့် NamJoon Hyungနှင့်အတူ
ကပ်လိုက်ခဲ့သည်။စိုးရိမ်စိတ်လွန်ကဲနေသည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း NamJoon လည်း စိတ်မသက်သာပါချေ။
Jungkookက အေးတိအေးစက်သမား။ ရိုးရိုးကုပ်ကုပ်
နှင့် အနေအေးသူမို့ အခုချိန်ထိ ဂေါ်မစွံလူပျိုကြီး အဖြစ်နှင့် နေထိုင်ခဲ့သော်ငြား ဘယ်ကဘယ်လို သားဖြစ်သူ ဂျစ်တူးအပေါ် မေတ္တာသက်ဝင် ချစ်ခင်မိသည် မသိ။Jiminက လက်လက်ထ။ ဖလန်းဖလန်းနှင့် သောက်ကမြင်းကြော ထဖို့လောက်နှင့် မိဘတွေအပေါ်
နွဲ့ဆိုးဆိုးဖို့လောက်သာ စိတ်ဝင်စားသူ။ပြီးတော့ Jimin
က အလှအပသိပ်ကြိုက်တယ်လေ။"ကလေး စိတ်ဆင်းရဲနေရင် ငါတို့အတင်းအကြပ်ကြီး ဖိအားမပေးဘဲ နေရအောင်။ ငါသူ့ကို သေချာတောင်းပန် လိုက်ပြီး ငါ့စကားတွေကို ပြန်ရုပ်သိမ်းလိုက်ပါ့မယ်"
"နေနိုင်လို့လား Jungkookရယ်။ဘာပဲပြောပြော သံယောဇဉ်ရှိပြီးသား လူတွေပဲဟာ။ သားလေး စိတ်တွေ တဖြည်းဖြည်းပြောင်းလဲလာမှာပါ"
"အခု ကလေးအိပ်ပျော်နေတာလား"
"အင်း...ဆရာဝန်ဆေးထိုးပေးသွားတော့ သူအိပ်ပျော်သွားတယ်"
"ငါ ခဏလောက်သွားကြည့်လိုက်ဦးမယ်"
Jungkook အပေါ်ထပ်ကို တက်သွားတော့ လင်မယားနှစ်ယောက်သား အောက်ထပ်ကနေ ရင်တမမနှင့် ဘာသံကြားရမလဲ နားစွင့်နေမိသည်။
ကလေးရဲ့အခန်းတံခါးလေးကို ဖြေးဖြေးလေး ထိန်းဖွင့်ရင်း အခန်းအတွင်းသို့ ခြေလှမ်းမိသည်။ ကလေးက မှင်စာအာဂျူးရှိ ကိုသိပ်သဘောကျရှာတာမို့ သူ့အခန်းထဲမှာ ထိုမင်းသားရဲ့ ပုံတွေက နေရာအပြည့်ယူထားသည်။
ဦးဂျွန်က မှင်စာအာဂျူးရှိဖြစ်နေရင်လဲ ကောင်းသား ကလေးရယ်..