ဦးဂျွန်
[ Unicode ][ကလေးရေ ဒီညနေအလုပ်ကပြန်ရင် ဝင်ကြို
မယ်နော်]ဟူသော ဦးဂျွန်ဆီက စာတိုလေးတစ်စောင်
ကြောင့် အလုပ်ဆင်းခါနီးမှာ ပုံမှန်ထက်ပိုပြီး
ပြာယာခတ်သွားတဲ့ Jiminကိုကြည့်ပြီး Tae Hyung က လှမ်းစသည်။"ဟင်း..ဟင်း သိပ်မပျော်ရှာဘူးနော်"
"ဘာဖြစ်တုန်း။ မကျေနပ်ရင် မင်းကိုကို ကို လှမ်း
ခေါ်ပေါ့""မခေါ်ပါဘူး..ငါက မင်းတို့နဲ့ ကပ်လိုက်ခဲ့မှာ"
"မင်းနော်....ဒီမှာ ကြည့်ပေးစမ်းပါဦး။ ဘယ်လို
နေလဲ"ထုံးစံအတိုင်း ခြေထောက်တစ်ဖက်ဆောင့်ချကာ
"မင်းနော်" ဟူ၍ စူပွပွပြောပြီးနောက် ကြည့်လို့
ကောင်း/မကောင်း TaeHyungကို စစ်ဆေးခိုင်း
သည်။ သူကဘယ်လိုလေးနေနေ ဦးဂျွန်က
သဘောကျပြီးသားဆိုတာသိပေမဲ့လဲ ဦးဂျွန်အရှေ့မှာ တကယ် ကြည့်ကောင်းနေချင်တယ်လေ...။"အဖိုးကြီးပေါက်စအတိုင်းပဲ good..ဦးဂျွန်ရဲ့
အစ်ကိုလို့တောင်ထင်ရလောက်တယ်"အခုတလောမှ အထူးအဆန်းဒီဇိုင်းတွေနဲ့ လူကြီးဆန်ချင်နေသော သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း
TaeHyungတစ်ယောက် တရားရနေမိသည်။ ပြောပြရင်တော့ Park Jimin ရဲ့ ပြောင်းလဲလာမှု
တွေကယုံနိုင်စရာတောင်မရှိဘူး။"ဦးဂျွန်နဲ့အသက်သိပ်မကွာဘူးလို့ထင်ရအောင်
ဒါမျိုးလေးတွေပဲ ဝတ်တော့မယ်" ဆိုပြီးအကွက် မှိုင်းမှိုင်းတွေနဲ့ stylepant တွေကိုပဲ ရွေးဝတ်နေတာ တော်တော်ကြာပြီ။ဒီနေ့လဲ အနက်ခံပေါ်မှာ
အညိုရောင်အစင်းရေးရေးလေးတွေပါသည့် ရှပ်လက်ရှည်လေးနှင့် ဘောင်းဘီအနက်ရောင်လေး
ကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသည်။ဆံပင်ကို နောက်တစ်ခေါက်ပုံထပ်သွင်းပြီးသည့်
နောက်တွင်တော့ ကျောပိုးအိတ်လေးကောက်
လွယ်ပြီးတော့ သူ့ကိုနှုတ်ဆက်ပြီး ထွက်သွား
တော့သည်။******************************************
ရှားရှားပါးပါး ဦးဂျွန်ရော ကျွန်တော်ရော အလုပ် ဆင်းတဲ့အချိန်တူတဲ့ရက်လေးမို့ TaeHyung စိတ်ကောက်လဲ နောက်မှပြန်ချော့မည်။ ဦးဂျွန်နဲ့
က စာရင်းရှင်းဖို့တွေရှိသေးတာလေ။