Zawgyi
စိတ်ခံစားချက် ဗလာနတ္ထိဖြင့် မြင်ကွင်းရှေ့က လူကြီးကို
စက္ကန့်အတော်ကြာသည်အထိ ကြည့်နေမိသည်။video call ပြောဖြစ်ကြပေမဲ့ အပြင်မှာ အခုလောက်ထိ
ကြည့်ကောင်းနေလိမ့်မည်ဟု မထင်ခဲ့မိတာမို့ ဦးဂျွန်အစစ်
ဟုတ်ရဲ့လားဟူသော အတွေးတို့က စိတ်ထဲမှာ ကူးလူးယှက်
နွယ်နေသည်။အရင်တုန်းက ပိပြားနေအောင် ဖိချထားသည့် ခပ်နက်နက်
ဆံစတို့က အခုတော့ မဆိုသလောက်လေး အညိုသွေး
သွမ်းနေသည်။ သဘာဝကျကျဖြင့် နဖူးပေါ်ဝေ့ဝဲကျနေသော
ဆံစညိုတချို့ရယ် မျက်နှာကျနှင့် လိုက်ဖက်ညီသော
မျက်မှန်ကိုင်းလေးရယ်ကြောင့် ရှိရင်းစွဲအသက်ထက် နုပျိုနေသယောင်ထင်ရသော ထိုလူကြီးက ဦးဂျွန်ရဲ့ ညီလေးများလား။ဦးဂျွန်ကမ်းပေးနေသည့် ပန်းစီးလေးကလက်ခံသူ မဲ့နေရှာသည်။ Jimin က မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်သေးသလို ဖြစ်နေစဉ် Taeက အံ့သြတကြီးဖြင့် Jungkook ကိုနှုတ်ဆက်လာသည်။
"ဦးဂျွန် ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ။ အကြောင်းမကြားဘာမကြားနဲ့"
"ဒီလိုပဲ ရုတ်တရက်ကြီး ဖြစ်သွားတာ Tae Hyungရေ"
"နေလို့ရော ကောင်းရဲ့လား"
"အင်း..ကောင်းပါတယ်"
"ဟေ့ကောင် ဒီမှာယူလိုက်ဦးလေ"
Tae Hyung သတိပေးတော့မှJungkook
လက်ထဲကပန်းဈီးလေးကို လှမ်းယူဖို့သတိရသည်။"ဦးဂျွန်တို့ ကလေးလေး အရမ်းတော်တယ်"
Taeက Jiminထက်ပိုပြီး ပျော်ရွှင်သွားပုံရသည်။
စောစောကမှ Jimin တစ်ယောက် ဦးဂျွန်ကို သတိရပြီးငိုထားခဲ့တာမဟုတ်လား။"ငါတို့ ဦးဂျွန်က အရမ်းလန်းလာပါလား"
"မလန်းပါဘူး Tae Hyungရယ်"
"ဓာတ်ပုံရိုက်ကြမယ်လေ။ ကိုကို ကျွန်တော်တို့နှစ်ယောက်ကို
ရိုက်ပေး"Jungkook ဆီက ပန်းစီးလေးကို ပွေ့ကိုင်ထားကာ
Tae Hyung နဲ့အတူတူ ဓာတ်ပုံအရိုက်ခံနေသည့်
ကလေးကို Jungkook မဝံ့မရဲကြည့်မိသည်။