Part 14

14.2K 1.5K 142
                                    

Zawgyi

ဒီနေ့ Jimin နဲ့ Tae Hyungတို့ ပထမဆုံး အလုပ်ဝင်လုပ်ရမယ့်နေ့မို့ စိတ်လှုပ်ရှားတာကတော့ ဆိုဖွယ်ရာမရှိ။

မှန်ထဲမှာပေါ်နေသည့် ပုံရိပ်လေးကိုကြည့်ရင်း Jimin တွေးမိသည်။ ဦးဂျွန်သာ Jimin နှင့်ပတ်သက်သမျှကို မေ့မသွားခဲ့ဘူးဆိုရင် ဒီလိုနေ့မျိုးမှာ Jimin တစ်ယောက် မြောက်ကြွမြောက်ကြွနှင့် ဦးဂျွန်အရှေ့မှာ ဂုဏ်ဆာပြနေ လိမ့်ဦးမည်။

"ဦးဂျွန်ကို ချစ်မိသွားတာများလား" ဟူ၍ ကိုယ့်ကိုယ်ကိုယ်
ပြန်ပြီးမေးခွန်းထုတ်မိသည်။ လူဆိုတာ ကိုယ့်ကို နူးနူးညံ့ညံ့
လေး ဆက်ဆံပေးနေတာမျိုးဆို သဘောခွေ့နေတတ်တဲ့
အမျိုး မဟုတ်လား။ ဦးဂျွန်ရဲ့ အယုအယ အကြင်နာတွေထဲမှာ
ခဏလေး မျောပါသွားတာပဲ ဖြစ်ပါလိမ့်မည်။

ဒီလိုချည်းပဲ နေသွားလို့မဖြစ်ဘူးဆိုတာကိုလဲ Jimin သိသည်။နောက်ပိုင်း ကျွန်တော်အလုပ်တွေအရမ်းရှုပ်လာတဲ့ အခါမျိုးဆိုဦးဂျွန်ကို တဖြည်းဖြည်းမေ့သွားမှာ။ မေ့လို့မရလဲ အတင်းကို မေ့ပစ်မှာ... ဦးဂျွန် ကျွန်တော့်ကို မေ့ထားခဲ့သလိုမျိုးပေါ့။

🌱🌱🌱🌱🌱🌱

စာမေးပွဲဖြေပြီးတဲ့အချိန်မို့ Jungkook တစ်ယောက် အေးရာအေးကြောင်းဖြစ်နေသည်။ မနက်က အဆောင်မှာ အတူတူနေကြသည့် သူငယ်ချင်းများနှင့်အတူ ပန်းကြည့်ပွဲ သွားခဲ့ကြတာမို့ ဓာတ်ပုံလေးများကို ပြန်ပြီးကြည့်နေမိသည်။

လမ်းတစ်လျှောက် လှလှပပပွင့်ဝေနေသည့် ပန်းနုရောင် ဆာကူရာများ..လေအဝှေ့မှာတဖြုတ်ဖြုတ်ဝေ့ဝဲကြွေကျနေသည့် ဆာကူရာ ပွင့်ကြွေလေးများ၊ ဟိုနားသည်နားမှာ အစုလိုက်အဖွဲ့လိုက်နေရာယူခင်းကျင်းကာဆာကူရာရဲ့
အလှအပကိုခံစားနေကြသော အရွယ်စုံအရောင်စုံ လူကြီး လူငယ်များ။ အရာအားလုံးက သဘာဝအလှတရားနှင့် စည်းချက်ညီညီ ပနံသင့်လျက်ရှိသည်။

မဆီမဆိုင်ဘဲ Jungkook တစ်ယောက် Jimin ကို သတိရမိပြန်သည်။ ကလေးကို ဒီအလှအပတွေ ခံစားကြည့်စေချင်လိုက်တာ ဟူ၍ ထိုကလေးဆီကိုပဲ စိတ်ရောက်နေမိတာမို့ သူ့ထက်ငါ အလှသွေးပြိုင်နေကြ
သည့် ဆာကူရာများကို Jungkookအားနာမိခဲ့ပါရဲ့ ။ ပြီးတော့ ကလေးကိုလဲ အားနာတယ်။

ဦးဂျွန်   /    ဦးဂျွန်Where stories live. Discover now