Zawgyi
"ဦးဂျွန်...ဦးဂျွန်"
"ဟင်"
"ဦးဂျွန်... ထပါဦးဆို"
"အင်း..အင်း..ထပြီ။ ဘာလို့လဲ ကလေး"
"ကျွန်တော် ဗိုက်ဆာလို့"
"အေးပါကွာ... ထပြီ ထပြီ။ ဘာစားချင်လဲ"
"ခေါက်ဆွဲပြုတ်.. ဝက်သားကြော်လေးနဲ့"
Jungkook တစ်ယောက် အိပ်မက်မက်နေရာက လန့်နိုးလာခဲ့သည်။ တစ်ကိုယ်လုံး အေးစက်တုန်ယင်
နေကာ ရင်ခုန်နှုန်းကလဲမြန်နေခဲ့သည်မို့ စားပွဲပေါ်က ရေတစ်ခွက်ကို ငှဲ့ထည့်ကာ သောက်ချလိုက်ရသည်။အိပ်မက်ထဲမှာ Jiminက ကျွန်တော်အိပ်ပျော်နေတာကို လှုပ်နှိုးခဲ့ပြီးတော့ သူဗိုက်ဆာနေလို့ ခေါက်ဆွဲပြုတ်ကျွေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒါက မထူးဆန်းဘူး။ ကလေးက စာမေးပွဲနီးတုန်းက အိမ်မှာလာနေသွားတယ်ဆိုတော့ ညဘက်ဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်ကျွေးခိုင်းခြင်းဖြစ်မည်။
ထူးဆန်းနေတာက အိပ်မက်ထဲက ကျွန်တော့်ရဲ့ခံစားချက်
ဖြစ်သည်။ ပုံမှန်မဟုတ်ဘဲ တစ်ခုခုလွဲချော်နေသလိုလို၊ အဲ့လောက်ထိ နက်ရှိုင်းတဲ့ ခံစားချက်မျိုး တစ်ခါမှ မခံစားခဲ့ဖူး
တာမို့ အိပ်မက်က လန့်နိုးတဲ့အထိတောင် ရင်တွေခုန်နေ တုန်း။အခုက တိုကျိုကို ရောက်နေတာ ၃ လလောက်တော့ ရှိပြီဆိုပေမဲ့နေရတာ သိပ်ပြီး အသားမကျသေးဘူး။ ဘာသာ စကား အခက်အခဲကြောင့်ရယ် သင်ခန်းစာတွေကို အလျင် မှီအောင် လိုက်လုပ်နေရတာရယ်နဲ့ Hyungတို့မိသားစု ဆီကိုတောင် တစ်ပတ်မှ တစ်ကြိမ်လောက်ပဲ ဆက်သွယ် နိုင်သည်။ ဒါတောင် ဂျပန်ရောက်ပြီးထဲက ကလေးနဲ့ တစ်ခါမှ ဖုန်းမပြောရသေးပေ။ ထိုကလေးက အလုပ်တွေ
ရှုပ်နေလို့တဲ့... ရယ်တော့ရယ်ရသား။ ဒီပိစိက ဘာများ အလုပ်ရှုပ်နေတာပါလိမ့်။Accidentဖြစ်ပြီးထဲက အိပ်ရေးမဝတဲ့နေ့ဆို နောက် တစ်နေ့မှာတစ်နေကုန် မလန်းမဆန်းနဲ့ ခေါင်းကိုက်တတ်
တာ မို့ဘာမှမတွေးဘဲ ပြန်အိပ်ဖို့ပြင်ရသည်။ တော်ရုံနှင့် အိပ်မပျော်နိုင်တာမို့ မေမေထည့်ပေးလိုက်သည့် တိုင်းရင်း ဆေးတစ်မျိုးကို သောက်ပြီးဒုတိယအကြိမ်မြောက် အိပ်ရာ ဝင်ဖို့ပြင်ရသည်။ အတွေးထဲပေါ်လာသည့် မျက်နှာနုနု
ကြောင့် စိတ်စနိုးစနောင့်ဖြစ်ရသည်ကိုတော့
Jungkookတစ်ယောက် မသိကျိုးကျွံပြုထား
လိုက်တော့ သည်။