Zawgyi
"ဦး...ဦးဂျွန်...."
"Jeon Jungkookie "
တံခါးကိုတဒုံးဒုံးထုရိုက်နေရင်း အာလေးလျှာလေးဖြင့်
မိမိ၏နာမည်ကိုအော်ခေါ်နေသော အသံသေးသေးကြောင့်
Jungkook တစ်ယောက် ဆတ်ခနဲ လန့်နိုးသွားပြီး
ဆိုဖာပေါ်မှ ထကာ အခန်းတံခါးလေးကို ဖွင့်ပေးမိသည်။အခန်းအပြင်ဘက် corridorတွင် နံရံကိုမှီထားရင်းနှင့် ပါးစပ်က ပွစိပွစိရေရွတ်နေသည့်ထိုကလေးဆီက အရက်နံ့က တော်တော်ပြင်းပြင်းမို့ Jungkook နှာခေါင်းရှုံ့မိသည်။
ကြောင်ချီးရုပ်နှင့် ကျောပိုးအိတ်ကို စလွယ်သိုင်းပြီး လွယ်ထားကာJungkookကို စိန်ခေါ်နေသည့် ကလေးခမျာ မျက်လုံးကဖြင့် မဖွင့်နိုင်တော့ပြီ။
"အဖိုးကြီး...ထွက်ခဲ့.... သတ္တိရှိရင် ထွက်ခဲ့စမ်းပါ"
"ထွက်လာပါပြီဗျာ...."
"password တွေ...password တွေ ပြောင်း...ထား.."
သောက်ကလေးလေး စကားတစ်ခွန်းကိုတောင် ပြည့်စုံအောင်
မပြောနိုင်ဘဲနဲ့များ လူကိုစိန်ခေါ်နေသေးသည်။ဘယ်Passwordကိုပြောင်းရမှာလဲ။"တံခါးဖွင့်ပေး"
တံခါးဖွင့်ထားတာကို တံခါးဖွင့်ပေးဆိုတော့...
"တံခါးက ဖွင့်ထားတယ်... ကလေးလေးမျက်လုံးက မပွင့်တာ"
"အတားလာမယူနဲ့"
အမလေး... ငါ့ကလေး စကားတောင်မပီတော့ပါလား။
အသားလာမယူနဲ့ဟုဆိုကာ လက်လေးပိုက်ပြီး အိပ်ခန်းထဲ
တန်းဝင်သွားသည်။ အရက်နံ့ရော ချွေးနံ့ရော ရောပြွန်းကာ
ညစ်တီးညစ်ပတ်လေးဖြစ်နေသည့် ကလေးက လွယ်အိတ်လွယ်လျက်နဲ့ပင် ကျွန်တော့်ရဲ့ တစ်ယောက်အိပ် ကုတင်ဘက် လှဲချလိုက်သည်။"ကလေး..."
"ကလေး... လွယ်အိတ်လေးတော့ ချွတ်ဦးလေကွာ"
"ဟေ့...Jiminလေး"
"ဟင်"
သုံးကြိမ်လောက် ခေါ်ကြည့်ပြီးတော့မှ မျက်လုံးတစ်ဖက် ကိုဖွင့်ကာ ပြုံးပြနေပြန်သည်။ ပြုံးလိုက် တော့ ပွင့်နေတဲ့ မျက်လုံးတစ်ဖက်က ပြန်ပိတ်သွားသည်။ Jungkookတစ်ယောက် သတိလက်လွတ်ဖြင့် အပြုံး
မျက်နှာလေးကို ငေးမောမိသည်။ ကိုယ့်ကြောင့်နဲ့ကလေးရဲ့ အပြုံးလေးတွေပျောက်ကွယ်နေတာ ကြာခဲ့ပြီမလား..