(ZG)“အမှတ်၃ ရှေ့ကိုက်တစ်ရာ ၁၀နာရီ ပွိုင့်မှာ သေနတ်သမားတစ်ယောက်ရှိုတယ်”
နားကြပ်က ညွှန်ကြားချက်နောက်မှာ ကျင့်သားရနေသည့် လက်က သေနတ်မောင်းကိုဆွဲညှစ်လိုက်သည်။ နံရံအကွယ်က သေနတ်သမားတစ်ယောက် တုန်းကနဲ လဲကျတာကို မြင်လိုက်ရတာနဲ့ အမြန်ပြေးပြီး ညာဘက်က တိုင်ကိုအကာအကွယ်ယူလိုက်သည်။ ရှေ့မှာ လမ်းရှင်းတာ သေချာတာနဲ့ သူ့အနောက်က တပ်ဖွဲ့ဝင်တွေကို အရှေ့တက်ဖို့ အချက်ပြလိုက်သည်။ ဘယ်ညာ အကာအကွယ်ယူရင်း ရှေ့ဆက်သွားသလို သူတို့ အောက်တစ်ထပ်ကလဲ သေနတ်သံတွေကြားနေရသည်။ ကျင့်သားရနေသည့် နားက သေနတ်သံကို မှန်းဆကြည့်တာနဲ့ သူတို့ တပ်ဖွဲ့တွေ အရေးသာနေမှန်း သိနိုင်သည်။
“ဘယ်ညာခွဲမယ်”
သူ့ရဲဘော်ကိုတွေကို အချက်ပြပြီး ညာဘက်လမ်းကို ရွေးလိုက်သည်။ နောက်ထပ် သေနတ်သမား နှစ်ယောက်။ နှစ်ပေါင်းများစွာလေ့ကျင့်လာတဲ့ သူ့လက်က နည်းနည်းမှ မလွဲစေပဲ နဖူးတည့်တည့်။ ရှေ့ကို ဆက်သွားတော့ နောက်ထပ် သေနတ်သမား တစ်ယောက် သူ့ရဲဘော်က ပစ်ချလိုက်သည်။ အဝေးကနေ လှမ်းပစ်သည့် ကျည်ဆန်က သူတို့ ဘေးက နံရံကို လာမှန်သည်။
“ဆရာ ရှေ့ဆက်သွား။ ကျွန်တော်တို့ ကာလိုက်မယ်။”
သူ့ရဲဘော် အကြောင်းကို သိနေတဲ့ သူပီပီ စိတ်ချလက်ချ ရှေ့ဆက်သွားသည်။ ခဏနေတော့ လှမ်းပစ်နေသည့် သေနတ်သံ တိတ်သွားသည်။ အောက်ထပ်တွေက သေနတ်သံတွေကလည်း ခုနကလောက် မစိတ်တော့။ ကော်ရစ်ဒါ တစ်လျှောက် တံခါးပွင့်နေသည့် အခန်းတွေကို သူ့ရဲဘော်တွေက ၀င်စစ်သည်။ လူသူမနေတဲ့ အခန်းပျက်တွေက ဖရိုဖရဲနဲ့ ပွစာကျဲနေသည်။
“ဆရာ”
သူ့ရဲဘော် တွေထဲက Seunghoon ခေါ်သံကြောင့် ဘယ်ဘက်ကအခန်းထဲကို ပြေးဝင်သွားသည်။ ပြီးတော့ ခြေသံလုံလုံနဲ့ သတိထားပြီး ပိတ်ထားသည့် သံချေးတက်နေသည့် တံခါးနားကို ချည်းကပ်လိုက်သည်။ တံခါးနားကပ်ပြီး နားထောင်ကြည့်သည် ဘာသံမှ မကြား။ သံတံခါးကို ပြိုင်တူခြေနဲ့ ကန်ချပြီး တစ်ဖက်က ရင်ဆိုင်ရနိုင်သည့် ရန်သူအတွက် သေနတ်အသင့်ချိန်လိုက်ပေမယ့် တဖက်မှာက သူတို့ မျှော်လင့်မထားတဲ့မြင်ကွင်း တစ်ခု။
YOU ARE READING
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .