(ZG)
“ငါ့ ဘုရားကျောင်းလေးကို တပတ်နဲ့ အပြီးဆောက်နိုင်မယ်လို့ ထင်ခဲ့တာ……… ခွေးထက်တောင် မိုက်ခဲ့တာပေါ့။”
တရားဟော ဆရာလို့ သူတို့ ခေါ်ကြတဲ့ Seungyoon က သူ့ဘာသာပြောတာလား ဘေးနားမှာ ခုံတွေကို ဆေးသုတ်နေတဲ့ Jennie တို့ ကြားအောင် ပြောချင်တာလား မသိ။ အသံထွက်ပြီး ညည်းနေသည်။
“လူလေးယောက်ရှိတယ်။ နှစ်ယောက်က ကျောင်းဆောက်လို့ပြီးမှာ ကြောက်နေမှ တော့ ဘယ်ပြီးတော့မလဲ။ ဘုရားသခင် အလိုတော်ကျပါပဲ။”
ခုံတန်းကို ဆေးအနက်သုတ်နေတဲ့ Jennie ခေါင်းပုသွားသည်။ သူမနဲ့ ခပ်လှမ်းလှမ်းမှာ တရားဟောစင်ရိုက်နေတဲ့ Mino ကို ခိုးကြည့်တော့ သူက ဘာမှ မကြားတဲ့အတိုင်း သံရိုက်နေတာ မပျက်။ သံရိုက်တဲ့ တူသံကတော့ နည်းနည်းပိုကျယ်လာသည်။
“Jennie-ah နောက်နေ့မလာပါနဲ့တော့လား။ နင့်မမြင်ရမှ ငါတို့ ဘုရားကျောင်းလဲ မြန်မြန်လက်စသတ်။ ငါလဲ ကောင်းကောင်းဈေးပြန်ရောင်းရမှာ။ ငါ့ဆိုင်ကို ပစ်ထားရတာ နှစ်ပတ်ရှိပြီ။”
သူမရှေ့မှာ ဆံပင်အလယ်ခွဲကို သပ်ကာ သပ်ကာနဲ့ ရုပ်တည်နဲ့ ဖိန့်နေတဲ့စတိုးဆိုင်ပိုင်ရှင် Taehyun ကို ပြူးကြောင်ကြောင်နဲ့ ပြန်ကြည့်လိုက်သည်။ တကယ်မလာခိုင်းတာမဟုတ်ပဲ နောက်နေတာမှန်းသိပေမယ့် မျက်လုံးထောင့်စွန်းက Mino ကို ခိုးကြည့်မိသည်။ သူ့နားရွက်ဖျားတွေက ရဲနေတာပဲ။ သံရိုက်သံက နဂိုထက်တောင် ပိုကျယ်သွားသည်။
“ဟို တရားဟောမယ့်ကောင် စင်ရပြီ။”
Mino လက်ထဲက တူကို လွှတ်ချလိုက်တဲ့ အသံက သစ်သားကြမ်းခင်းပေါ်ကျတော့ တော်တော်ကျယ်သွားပြီး ကျန်တဲ့ သုံးယောက်လုံးက ခေါင်းထောင်ကြည့်တော့ Mino နည်းနည်း ရှက်သွားသည်။ ဒါနဲ့ ပဲ သူ ရှက်ရှက်နဲ့ ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပြန်ဖို့ ပြင်သည်။
“Mino မင်းအိမ်ပြန်မယ်ဆို Jennie မင်းအိမ် လိုက်ခဲ့မယ်တဲ့။”
Seungyoon ကပြောတော့ သူနည်းနည်း မျက်လုံးပြူးသွားသည်။ ဘာလိုက်လုပ်မလို့လဲ။
“ဟိုလေ……. အိုပါးအိမ်မှာ စာအုပ်တွေရှိတယ်ဆိုလို့။ အဲ့ဒါ လေ တစ်အုပ်နှစ်အုပ်လောက် ငှားဖတ်ချင်လို့။”
YOU ARE READING
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .
