Thousand Cranes : Part 11

71 6 0
                                    

(ZG)

  “အရင်အတိုင်းပဲလား”

ဘားမှာထိုင်လိုက်တာနဲ့ သူတို့ကို နှစ်ပေါင်းများစွာရင်းနှီးနေတဲ့ ဘားမန်းလေးက သူသောက်နေကျ ဘီယာတစ်ပုလင်းလာပေးသည်။ ဆိုင်က အရင် သူတို့ ထိုင်နေကျပုံစံအတိုင်းအပြောင်းအလဲမရှိ။ မှောင်မှောင်ကုတ်ကုတ် ခပ်စုတ်စုတ်နဲ့ ဒါပေမယ့် ဒါကိုက သူတို့ အထူးတပ်ဖွဲ့တွေရဲ့ စုရပ်။ သူ့ကို ဘာလို့ ဒီကိုမှ ချိန်းလဲ လို့ Seunghoon ကို အပြစ်မတင်ချင်ပေမယ့် သူ့လို ဒီလောကထဲက ထွက်ထားတဲ့သူတစ်ယောက် အနေနဲ့ မျက်နှာသိတစ်ချို့ကို ပြန်မြင်ရတာ နည်းနည်းတော့ နေရထိုင်ရခက်သည်။

“ဆောရီးကွာ ငါကိစ္စလေးရှိလို့ နောက်ကျသွားတယ်။”

Seunghoon က Mino ပုခုံးကိုဖက်နှုတ်ဆက်ရင်း ဘေးက ခုံအမြင့်မှာ ၀င်ထိုင်သည်။ ပြီးတော့ ဘာမှ မပြောသေးပဲ ဘီယာကိုပဲ တစိမ့်စိမ့်သောက်နေတဲ့ Seunghoon ကို သူစိတ်မရှည်တော့။

“Seunghoon မင်းဘာမှ ပြောစရာမရှိပဲ ငါ့ကိုတကူးတက လိုက်မရှာဘူးဆိုတာ ငါသိတယ်။ ဘာကိစ္စလဲပြော”

Seunghoon ကို ပေါ်တင်ပဲမေးလိုက်သည်။ အခုအချိန်မှာ ရာထူးတိုးပြီး ဌာနမှူးတစ်ယောက်အနေနဲ့ ဒီလောက်ကျယ်တဲ့ မြို့ကြီးထဲမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့တယ်ဆိုတာ ယုတ္တိမတန်လွန်း။ အခုလဲ အလုပ်တာဝန်တစ်ခုခုရှိနေတာ ကျိန်းသေသည်။ ကုတ်အောက်မှာ အဆင်သင့်ချိတ်ထားတဲ့ သေနတ်နဲ့။ နွားရေငတ်သလို သောက်တတ်တဲ့ ကောင်က ဘီယာကို အာစွတ်ရုံတစိမ့်စိမ့်သောက်နေတာ။ အလုပ်တဖက်နဲ့ကို ဘာတွေများအရေးကြီးနေလို့ သူ့ကို တွေ့ဖို့ချိန်းရတာလဲ။

“Yamato လွတ်သွားပြီ”

သူ့ရင်ထဲ မီးစတစ်စ ထိုးထည့်လိုက်သလို ဆစ်ကနဲ နာသွားသည်။ အစိုးရနဲ့ သတင်းအပေးအယူတွေနဲ့ ပြန်လွတ်မယ်ဆိုတာ သိပေမယ့် တကယ်တမ်း ပြန်လွတ်သွားပြီဆိုတဲ့ သတင်းက သူ့ကို ကောင်းကောင်းစိတ်ဒုက္ခပေးနေတုန်း။

လက်ထဲက လက်ကျန်ဘီယာကို အကုန်မော့သောက်လိုက်လဲ သူ့ရင်ထဲက အနာက မပျောက်နိုင်။
နောက်ထပ်တလုံး ထပ်မှာနေတဲ့ သူ့ကို Seunghoon က အခြေအနေကြည့်နေသည်။

Thousand CranesWhere stories live. Discover now