(ZG)"ဒီကနေ မြို့ကို ကျောင်းနေ့တိုင်း သွားမတက်နိုင်တဲ့ ကလေးတွေရှိတယ်။ ဒီတော့ ဘုရားကျောင်းက သူတို့ စာသင်ကျောင်းပဲပေါ့။"
တီရှပ်ပွပွ ဘောင်းဘီတို ပုံမကျ ပန်းမကျဝတ်ထားသည့် ကျောင်းဆရာ တစ်ဖြစ်လဲ တရားဟောဆရာလေးက သဘောင်္ဆေးအဖြူတွေကို ပုံးအကြီးကနေ အသေးခွဲထည့်ရင်း ရှင်းပြနေသည်။ အရင်ကတည်းက ဘုရားရှိခိုးကျောင်းလေးက ရှိပေမယ့် တော်တော်ကြီးဟောင်းနွမ်းနေလို့ သူနဲ့ Mino အသစ်ပြန်ဆောက်တာတဲ့။
တရားဟောဆရာလေး ကမ်းပေးတဲ့ သဘောင်္ဆေးပုံးလေးနဲ့ စုတ်တံယူပြီး အပြင်ဘက်မှာ ဆေးလိပ်ခဲရင်း ဆေးသုတ်နေတဲ့ Mino ဘေးက နံရံအလွတ်ကို ဆေးသုတ်လိုက်သည်။ ဆေးသုတ်တာ ၅မိနစ်တောင်မကြာ Mino က သူဆေးသုတ်လက်စကို ရပ်ပြီး Jennie ကို ခါးထောက်ကြည့်သည်။
"မင်း ပန်းချီဆွဲတယ် ထင်နေလား။"
"ဟင်"
ဆေးသုတ်စုတ်တံ အပြားကို လက်ညိုးနဲ့ လက်မကြားညှပ်ကိုင်ထားပြီး အူကြောင်ကြောင်ရုပ်နဲ့ ကြည့်နေတဲ့ သူမနားကို ရောက်လာပြီး လက်ထဲက စုတ်တံကို ဆွဲယူပြီး လက်ထဲကို သေချာထည့်ပေးပြီး ကျစ်ကျစ်ဆုပ်ခိုင်းသည်။ ပြီးတော့ ဒီလိုသုတ်ဆိုပြီး Jennie လက်ကို အုပ်မိုးကိုင်ပေးပြီး အစမ်း သုတ်ပြတဲ့အခါ သူ့ရင်ခွင်ထဲကို Jennie ကိုယ်လုံးလေးက ရောက်လုရောက်ခင်။
ဒီအငွေ့အသက်ပဲ။
သူမ တောင့်တနေတဲ့ အငွေ့အသက်။ သူမတောင့်တခဲ့တဲ့ သူ့ရင်ခွင်ရဲ့နွေးထွေးမှု။ တစွန်းတစကို ပြန်ရတဲ့အခါ ရင်ခုန်သံတွေ မြန်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ သူ့ဆီက ဒီအငွေ့အသက်လေးကို ပြန်ရဖို့ ဘယ်လောက်တောင် အပင်ပန်းခံခဲ့ရသလဲ။ ဒါတွေအားလုံးဟာ Jennie လက်ကို သူ့လက်ဖ၀ါးကြမ်းကြမ်းတွေနဲ့ အုပ်ကိုင်လိုက်ချိန်မှာ ပင်ပန်းခဲ့သမျှ တန်ပါတယ်လို့ ခံစားရစေသည်။
"ရပြီ....... အဲ့ဒီအတိုင်းသုတ်"
သူက ပြောရင်း Jennie လက်ကိုလွှတ်ပြီး သူအရင်သုတ်လက်စ ဆေးကို ဆက်သုတ်သည်။ သူပြန်လှည့်မကြည့်တာတောင် ခပ်ကောင်းကောင်း။ သူသာ ကြည့်လိုက်ရင် မျက်နှာတစ်ခုလုံး နီရဲပြီး တုန်နေသည့် Jennie ကို သတိထားမိသွားနိုင်သည်။
YOU ARE READING
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .