Thousand Cranes : part 12

97 6 0
                                    

(ZG)

Senbazuru အိမ်​​တော်​ရဲ့ ခန်းမသက်​တမ်းက နှစ်​​ပေါင်းရာချီခဲ့ပြီ။ ဒီခန်းမထဲမှာ သမိုင်းအမျိုးမျိုးဖြစ်​ပွားခဲ့သည်​။ Shogun ​တွေရဲ့တိုက်​ပွဲ​တွေ။ မိသားစုချင်းသစ္စာ​ဖောက်​မှု​တွေနဲ့ ​သွေး​တွေလဲ​စွေး​စွေးနီခဲ့ဖူးသည်​။ ခန်းမထိပ်​ ဆာမူရိုင်းဝတ်​စုံနဲ့ ဓားစင်​​ရှေ့က ထိုင်​ခုံ​နေရာမှာ တစ်​​ယောက်​ပြီးတစ်​​ယောက်​​ပြောင်းသွားခဲ့​ပေမယ့်​ ဒီစံအိမ်​က​တော့ ပြိုလဲမသွားခဲ့။

Senbazuru ရဲ့ ပထမဆုံး​သောရည်​ရွယ်​ချက်​က စစ်​အတွင်းအချိန်​​တွေမှာ တိုင်းပြည်​ကို ကာကွယ်​ဖို့ မျိုရိုးဂုဏ်​ကို ထိန်းသိမ်းဖို့။ ဒါ​ပေမယ့်​ နှစ်​ကြာလာတာနဲ့အမျှ ​ပြောင်းလဲကာ ဒုစရိုက်​​တွေနဲ့ ဆက်​စပ်​လာပြီး အ​မှောင်​​လောကထဲက မိသားစုတစ်​စုအ​နေနဲ့ နာမည်​ဆိုးနဲ့ ​ကျော်​ကြားလာခဲ့တာ။

ဒါ​တွေရပ်​တန့်​ဖို့ အချိန်​တန်​ပြီလို့ Jennie ထင်​သည်​။
ဒါ​ပေမယ့်​ ဒီ​ပြောင်းလဲမှုကို စွမ်း​ဆောင်​နိုင်​သည့်​သူက​တော့ သူမဟုတ်​တာ ကျိန်း​သေသည်​။

ဒီ​နေ့ည Jennie ထိုင်​​နေသည့်​ မိုးမခသားအနက်​​ရောင်​​တွေနှင့်​ တန်​ဆာဆင်​ထားသည့်​ ခန်းမထဲမှာ သူတို့မိသားစုရဲ့ ထိပ်​ပိုင်းတာဝန်​ရှိသူ​တွေ။ နယ်​​မြေခွဲအသီးသီးက တာဝန်​ခံ​တွေ စုစည်း​နေသည်​။ အ​ရေးကြီးသူ​တွေပဲဆို​တော့ လူသိပ်​အများကြီးမဟုတ်​​ပေမယ့်​ သူတို့ ပါဝါကို Jennie သိ​နေသည်​။

ခန်းမထဲက မီး​ရောင်​က ခန်းမအလယ်​မှာ ထိုင်​​နေသည့်​ Jennie တစ်​ကိုယ်​စာအ​ပေါ်ဖြာကျရုံကလွဲလို့ ​ဘေးပတ်​ပတ်​လည်​က ​ထောင့်​​တွေကို​ရောက်​​လောက်​​အောင်​အားမ​ကောင်း​တော့ သူတို့မျက်​နှာ​တွေ​ပေါ်က အရိပ်​အကဲကို Jennie မမြင်​နိုင်​။

Jennie ​သေချာသိနိုင်​တာဆိုလို့ ​ရှေ့တူရူမှာထိုင်​​နေသည့်​ ဘဘမျက်​နှာ​ပေါ်က စိုးရိမ်​စိတ်​​တွေ။ Jennie အစား ဒီမိသားစုကြီးကို စီမံကွပ်​ကဲ​ပေး​နေတဲ့ ဘဘ မျက်​နှာ​ပေါ်မှာ Jennie ရဲ့ ဆုံးဖြတ်​ချက်​​တွေကို မယုံကြည်​နိုင်​လက်​မခံနိုင်​သလို သူ့အတွက်​ သမီးတစ်​​ယောက်​လို ချစ်​ရတဲ့ Jennie အ​ပေါ် ဘယ်​​လောက်​များ စိတ်​ပူ​နေမလဲ။ ဒါ​ပေမယ့်​ Jennie အတွက်​ ​လျှောက်​ဖို့လမ်းက ​ရွေးချယ်​ခဲ့ပြီ​လေ။

Thousand CranesWhere stories live. Discover now