(ZG)
“ဟေ့”
သူ့ခေါ်သံကြောင့် ဆိုင်ရှေ့က ပန်းပင်တွေကို ရေလောင်းနေရာကနေ ချက်ချင်းလှည့်ကြည့်သည့် ကောင်မလေး။ မျက်နှာပေါ်မှာ အပြုံးပန်းလေးက အသင့်။ သူ့ကို အဲ့လို သွားဖြူဖြူလေးတွေအတန်းလိုက်ပေါ်အောင် အားရပါရ ပြုံးပြီး လှည့်ကြည့်တော့ လူက နည်းနည်း နေရထိုင်ရခက်သွားသည်။
“အိုပါး”
လက်ထဲက ရေကရားကိုချပြီး သူ့ဆီပြေးလာအနားရောက်တာနဲ့ ခါးကိုသိုင်းဖက်တဲ့ ချာတိတ်မလေး။
ဘယ်လိုပြောရမလဲ သူလေးကပဲ အသက်ငယ်သေးလို့ သဲသဲလှုပ်ချစ်ပြတတ်တာလား Mino ကပဲ အနားမှာ ချစ်ရမယ့် မိန်းကလေးရယ်လို့ မရှိတာကြာလို့ အထာမကျသလားမသိ။ ခါးကိုသိုင်းဖက်ပြီး ရင်ဘတ်ထဲ ကနေ ခေါင်းမော့ကြည့်နေလဲ ဒီကောင်ကြီးက ဘာလုပ်လို့လုပ်ရမယ်မှန်းမသိ ကြောင်တက်တက်နဲ့။ လက်ကြီးနှစ်ဖက်ဘေးမှာ ကပ်ပြီး ရီရမှာလိုလို ငိုရမှာလိုလို ရှက်တာလိုလိုနဲ့ ငုံ့ကြည့်နေရုံကလွဲ ဘာပြန်လုပ်ရမှန်းတောင်မသိ။
“ငါတို့ကောင်ကြီး လေများဖြတ်သွားပီလား။”
ဆိုင်ထဲကနေ မကြားတကြားလှမ်းပြောတဲ့ အပျိုကြီး Dara ကြောင့် နားရွက်ဖျားတွေ ဂုတ်တွေပါ ထူပူလာသလိုလို။
“ကလေးလောက်တောင်မစွမ်းတဲ့ ငါ့အမအပျိုကြီး”
Jinwoo ကလှမ်းနောက်လဲ အပျိုကြီးတို့က အနောက်ကနေပြေးပြီးလိုက်ရိုက်သည်။
“အိုပါး ထမင်းစားမယ်ဟုတ်။ Jennie အိုပါးဖို့ ရှယ်ချက်ထားတယ်။”
Jennie ချက်ထားတယ်ဆိုရင်ကို သူ့မှာ တုန်တက်လာပြီး မျက်ခုံးတွေလှုပ်လာသည်။ ဒီကောင်မလေးက ဟင်းချက်မကောင်းဘူးဆိုတာထက် ဘာချက်လို့ ချက်တယ်ဆိုတာတောင် ခွဲခြားသိဖို့ခက်သည်။ အိုပါး စားစေချင်လို့ဆိုပြီး သူ့ကိုတသက်လုံး မစားဖူးသည့် အစားအစာအမျိုးအမည်အသစ်တွေချည်း လက်တည့်စမ်းတတ်တာမျိုး။
အခုလည်း ရေဘောလောငါးဟင်းထဲမှာ ကြက်ဥတွေအလုံးလိုက်ရေကူးနေသည့် ပန်းကန်လုံးလိုက်ကြီးသူ့ရှေ့လာချသည်။
YOU ARE READING
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .