Thousand Cranes: ဇာတ်​သိမ်း

243 13 1
                                    

(ZG)

"Surprise Mada Fuka!"
မ​မျှော်​လင့်​ထားပဲ အ​ရှေ့က​နေ ​ဆောင့်​ကန်​လိုက်​တဲ့အရှိန်​​ကြောင့်​ Jennie ​နောက်​ပြန်​လဲသွား​ပေမယ့်​ ​မြေကြီး​ပေါ်ထိလဲကျမသွား​အောင်​အ​နောက်​ကလက်​​တွေကထိန်းချုပ်​ထားသည်​။
အ​ကောင်းနဲ့ထိန်း​ပေးထားတာမဟုတ်​ Yamato ရဲ့ လက်​သီးချက်​​တွေ Jennie မျက်​နှာ​ပေါ်စိတ်​တိုင်းကျဝဲခွင့်​ရ​အောင်​ သူ့လူ​တွေကချုပ်​​ပေးထားကြတာ။

"မ​မျှော်​လင့်​ထားဘူးမလား Jennie Senbazuru. . အား.  . ငါ​မေ့သွားလို့. .မင်းက Senbazuru အိမ်​နဲ့ဆိုင်​မှမဆိုင်​​တော့ပဲ. . "

Yamato က Jennie ဆံပင်​က​နေ​ဆောင့်​ဆွဲပြီး သူ့လက်​သီးချက်​​ကြောင့်​​သွေး​တွေရဲ​နေသည့်​မျက်​နှာကိုစိမ်​​ပြေန​ပြေကြည့်​ရင်း ​ကျေနပ်​​နေသည်​။

သူ့ကို Senbazuru မိသားစုက​နေ ကန်​ထုတ်​ဖို့ကြိုးစားတဲ့​ကောင်​မ။ ဒီ​ကောင်​မကိုအပြတ်​ရှင်းပြီး ဟိုသက်​ကြားအိုကိုပါရှင်းပြီးရင်​ Senbazuru မိသားစုရဲ့ အ​မွေဆက်​ခံသူဟာ Yamato ဆိုတဲ့သူပဲဖြစ်​ရမည်​။

ဒါ​ပေမယ့်​ Jennie ရဲ့မျက်​လုံး​တွေက သူ့ကိုမကြည့်​ပဲ တအိမ်​လုံးကို ကျီးကန်း​တောင်း​မှောက်​. .

Jennie မနာကျင်​အား. . စိတ်​ပူ​နေတာတစ်​ခုပဲ။ အိုပါး​ရော..
သူဒီမှာ​နေ​နေတာ Yamato တို့ဘယ်​လိုသိလဲ။ အိုပါးကိုများ သူတို့ဖမ်းပြီးနှိပ်​စက်​ထားတာလား။ သတ်​ပြစ်​လိုက်​ကြပြီလား။ အိမ်​ထဲမှာ Yamato လူ​တွေကလွဲလို့ အိုပါးရဲ့အရိပ်​အ​ယောင်​ကို​တောင်​မ​တွေ့ရ။

"မင်းကိုငါ စကား​ပြော​နေတယ်​​လေ ​စောက်​​ကောင်​မ။ မင်းကဘာရှာ. . . '"

Yamato အသံတုံ့သွားသည်​။

"တီ. . တီ. . တီတီတီတီ"

အ​တွေ့အကြုံရှိ​နေတဲ့သူ​တွေပီပီ Jennie ​ကော Yamato နဲ့သူ့လူ​တွေ​ကော အမြန်​ဆုံးအရှိန်​နဲ့ အိမ်​အပြင်​ကိုနီးစပ်​ရာတံခါး​ပေါက်​ ပြတင်း​ပေါက်​​တွေက​နေခုန်​ထွက်​လိုက်​သည်​။
နောက်​ကလိုက်​လာသည့်​ ​ပေါက်​ကွဲသံ ​ပေါက်​ကွဲတဲ့အရှိန်​နဲ့ သူတို့​တွေ အိမ်​​ရှေ့ကလမ်း​ပေါ်မှာ လှိမ့်​သွားတဲ့အချိန်​ Mino ရဲ့အိမ်​​လေးက မီး​တောက်​​တွေဖုံမှုန့်​​တွေကြားမှာ တစစီပြိုကျသွားပြီ။

Thousand CranesTahanan ng mga kuwento. Tumuklas ngayon