Thousand cranes : Part 2

196 7 0
                                        

(ZG)

သူ့လက်ထဲက စက္ကူကြိုးကြာငှက်ပုံ ငွေရင်ထိုးသေးသေးလေးကို လှည့်ပတ်ကြည့်ရင်း ပြုံးမိသည်။ သူတို့ စခန်းပြန်ရောက် သတင်းပို့တာတွေ စစ်ဆေးရေးတွေပြီးလို့ ဟိုကလေးမလေး အကြောင်းမေးတော့ သူ့အိမ်က ပြန်လာခေါ်သွားပြီဆိုတာပဲ သိလိုက်ရသည်။ ဒါပေမယ့် သူ့ကို ကျေးဇူးတင်လို့တဲ့ လက်ဆောင်ဆိုပြီး ပလတ်စတစ်အိတ်အကြည်လေးနဲ့ ချန်ထားပေးခဲ့တာ ဒီငွေရင်ထိုးလေး။ ဘောင်းဘီအိတ်ထဲ ထိုးထည့်မယ်လို့ လုပ်ပြီးတော့မှ ပျောက်သွားမှာ စိုးတာနဲ့ သူ့အပေါ်ဝတ်ကုတ် ရင်ဘတ်မှာ ထိုးလိုက်သည်။ သေးသေးလေးဆိုတော့ သိပ်လဲ မသိသာလောက်ပါဘူးဆိုတဲ့ အတွေးနဲ့ပေါ့။

မှန်ချပ်သေးသေး နှစ်ချပ်သာ တပ်ထားသည့် တံခါးကို တွန်းဖွင့်ဝင်လိုက်တာနှင့် ပိုးသတ်ဆေးနံ့ပြင်းပြင်းနဲ့ ဖော်မလင်နံ့က သူ့ကို ဆီးကြိုနေသည်။ သူ၏ ချစ်လှစွာသောကတော့ သူဝင်လာတာကို တစ်ချက်လေးပဲ မော့ကြည့်ပြီး ကုတင်ပေါ်မှာ ဆန့်ဆန့်ကြီးလဲနေသည့် လူဝကြီးကိုပဲ တစိမ့်စိမ့်ဖြဲကြည့်နေသည်။

ဆံပင်ရှည်တွေကို ကပိုကရိုထုံးထားသည့် ဂျူတီကုတ်အဖြူနဲ့ မှုခင်းဆရာဝန်မလေးနားကို သွားရပ်လိုက်ပြီဆိုတာနဲ့ ရိုမန်တစ်မဆန်လှသည့် ရေခဲတိုက်ပေမယ့်လည်း သူ့အတွက်ကတော့ ပန်းခင်းကြီးထဲ ရောက်နေသလိုလို။

“ကိုယ်နဲ့ ဒီလူကြီး ဘယ်သူပို စိတ်ဝင်စားဖို့ကောင်းလဲ။”

Mino က ပြောရင်း ဆံပင်တွေ သပ်တင်ထားလို့ ရှင်းလင်းနေသည့် ဂုတ်ကလေးကို ဖွဖွလေးနမ်းသည်။ ဒီတော့ လှည့်လာပြီး သူမ နမ်းနေကျ သူ့နှာဖျားထိပ်က မှဲ့လေးကို ဖျတ်ကနဲ တချက်နမ်းရင်း

“ဒီလူကြီးက ပိုစိတ်ဝင်စားဖို့ကောင်းတယ်”

ဆိုပြီး ကုတင်ပေါ်က လူသေကောင်ကြီးဆီ အာရုံပြန်လွှဲသွားသည်။ Mino က တစ်ချက် နှာခေါင်းရှုံ့ရင်း အလောင်းစင်ပေါ်က ဖြူဖတ်ဖြူရော် လူသေကောင်ကြီးကို ကြည့်လိုက်သည်။ အရင်တစ်ရက်ကမှ လုပ်ကြံခံလိုက်ရသည်ဟု ယူဆရသည့် Senbazuru ဂိုဏ်းသားဟုထင်ရသည့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး။

Thousand CranesWhere stories live. Discover now