(ZG)
“ယနေ့မှစ၍ ဤကြင်သူနှစ်ဦးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။”
သင်းအုပ်ဆရာရဲ့ စကားတောင် မဆုံးသေး ဧည့်ပရိသတ်ထဲက လက်ခေါက်မှုတ်သံတွေ အော်သံတွေက ညံနေသည်။ သူ့ရဲဘော်တွေဆိုတာက Jisoo က လှမ်းမျက်စောင်းထိုးလေ ပိုသောင်းကျန်းလေ။ အကုန်လုံးက သူတို့ နှစ်ယောက် ရည်းစားသက်တမ်းတစ်လျှောက်လုံးခင်လာတော့ နည်းနည်းလေးမှ အားမနာ။
“သတို့သမီးကို နမ်းပါဗျို့”
နမ်းဖို့ လှမ်းအော်တဲ့ Seunghoon အသံကြီးက ဘုရားကျောင်းသေးသေးလေးထဲမှာ ဟိန်းထွက်လာသည်။ Jisoo ကို ကြည့်တော့ ရှက်လို့ နီရဲပြီး သူ့ကို မနမ်းနဲ့ဆိုပြီး မျက်လုံးပြူးပြသည်။ ဒါပေမယ့် Song Mino ပဲဟာ ဘာရမလဲ။ မိန်းမစကားနဲ့ ရဲဘော်တွေစကားဆို ရဲဘော်ရဲဘက်တွေ စကားက ပိုနာခံရမယ် ဆိုတဲ့ သံဓိဌာန်နဲ့ တွန့်ဆုတ် တွန့်ဆုတ်နဲ့ အနောက်ဆုတ်ဖို့ ကြိုးစားတဲ့ Jisoo ကိုပိုင်ပိုင်နိုင်နိုင်ကြီးကို ပါးနှစ်ဖက်ကို လက်နဲ့ ညှစ်ပြီးကို နမ်းပစ်တာ။ သူ့ရဲဘော်တွေဆိုတာ ဦးထုပ်တွေ လေထဲပစ်တဲ့ကောင်နဲ့ ကြမ်းပေါ်မှာ လူးလှိမ့်အော်တဲ့ သူနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်ပြီး ပွက်လောညံနေသည်။
သူတို့နဲ့ ထူးမခြားနား ကောင်က ဆရာဝန်မ ချောချောလေးကို ပိုင်ပိုင်နိုင်နိုင်ကြီး လက်ထပ်သွားတာကို ကျိတ်မနိုင်ခဲမရ ဖြစ်ကြတာလည်းပါမည်။
ပြီးတာနဲ့ နှစ်ယောက်သား တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲဆွဲပြီး အုပ်စုလိုက် ဓါတ်ပုံ မြန်မြန်ရိုက်ကြသည်။ ဓါတ်ပုံရိုက်ပြီးတာနဲ့ အသင့်စောင့်နေသည့် volkswagen ကားလေးပေါ် တက်ရသည်။ ကားထဲဇွတ်တက်ပြီးလိုက်ဖို့ လုပ်တဲ့ Seunghoonကို လဲ တွန်းထုတ်ရသေးသည်။ အနောက်မှာ နို့ဆီဘူးခွံတွေအပြင် ချူတွေကော ခေါင်းလောင်းတွေပါ တွဲချည်ခံထားရသည့် ကားလေးက ကတ္တရာလမ်းအတိုင်း ဆူဆူညံညံနှင့် အရှိန်နှင့် မောင်းနှင်သွားသည်။
ခွင့်ရက်ရှည်များများမရသည့် သူတို့ နှစ်ယောက်အတွက် ဟန်းနီးမွန်းက သူတို့ ပထမဆုံး စတွေ့ပြီး အချစ်ဇာတ်လမ်း အစပျိုးခဲ့သည့် Mino ဇာတိ ပင်လယ်ကမ်းစပ်မြို့လေးဆီ။ Mino ကတော့ Jisoo ကို ရိုမန်းတစ်ဆန်ဆန် Paris လောက်ကို ဟန်းနီးမွန်းပို့ချင်ပေမယ့် မမ ဘုရားလေးက ချွေးနှဲစာငွေတွေကို မင်္ဂလာဦးအထိမ်းအမှတ် မိဘမဲ့ကျောင်းကို လှူမည်တဲ့။ အရင် သူတို့ ဆုံခဲ့သည့် ပင်လယ်ကမ်းစပ်လေးကိုပဲ ပြန်သွားချင်ပါသည် ဆိုတော့ ခွင့်ကလည်းမရနိုင်တာနဲ့ အတော်ပဲ ဖြစ်သွားသည်။

YOU ARE READING
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .