(ZG)
“ချော်လဲမယ် မပြေးနဲ့ မပြေးနဲ့….”
Jennie ဘယ်လိုပဲ အော်အော် ကလေးတွေက ဘုရားကျောင်းထဲမှာ ပတ်ပြေးပြီး စိန်ပြေးလိုက်တိုင်းဆော့နေကြသည်။
“noona……..noona ……”
ပါးစပ်ကလည်းအော်ရင်း ကြမ်းပြင်ပေါ်ထိုင်နေသည့် Jennie ပေါ်ကို ခုန်တက်တဲ့သူနဲ့။ အနောက်ကနေ သိုင်းဖက်ပြီး ကျောပေါ်တွယ်တက်တဲ့သူနဲ့ ဖြစ်ချင်တိုင်းကိုဖြစ်နေတာကြည့်ပြီး Mino မရီပဲမနေနိုင်။
ကလေးအကြီးတွေကတော့ ကြမ်းပြင်ပေါ်မှာ Jennie နဲ့အတူဝိုင်းထိုင်ရင်း စက္ကူနဲ့ အရုပ်ခေါက်နေကြပေမယ့် ကလေး အငယ်တွေကတော့ ၀က်ဝက်ကွဲထိန်းမရအောင် ဆော့နေကြသည်။
ဒီနေ့ ဘုရားကျောင်းလဲ စဖွင့်ပြီ။ ရွာသူ ရွာသားတွေက ကိုယ်တတ်နိုင်သလောက် စားစရာတွေယူလာပြီး ဖွင့်ပွဲလေးလုပ်ကြတော့ ကလေးတွေပါ ပါလာတော့သည်။ ဒီတော့ ကလေးတွေကို Jennie ဆိုတဲ့ ကလေးမကြီးက ပြန်ထိန်းရင်း ပတ်ချာလည်နေသည်။
“noona ကို မလုပ်နဲ့…. Noona နာသွားမယ်….”
ကလေးတွေထဲက အကောင်အသေးဆုံး Hyunbyul လေးက ကျန်တဲ့ ကလေးတွေကို ပြန်လိုက်ထိန်းပြီး Jennie နာသွားမှာကို စိုးရိမ်တဲ့ ပုံစံနဲ့ လာဖက်ပြီးကာပေးထားသည်။ Jennie မှာ ဒီအရမ်းချွဲတတ်တဲ့ ကလေးလေးကို မချစ်ပဲကို မနေနိုင်တော့။
ကျန်တဲ့ ကလေးတွေက သူတို့ ကလေး သဘာဝ ၀က်ဝက်ကွဲဆော့နေလဲ သူလေးက Jennie နားမှာ ကပ်နေပြီး တခြား ကလေးကြီးတွေနဲ့ အတူ စက္ကူအရုပ်ခေါက်တာကို စိတ်ဝင်တစားသင်နေသည်။ Mino က သဘောကျပြီးအနားလာကြည့်တော့ ချာတိတ်မလေးက မော့ကြည့်ပြီး ကြောင်တက်တက်နဲ့သွားလေးဖြဲပြီး ဟီးခနဲရီပြသေးတာ။ ပြီးတော့လဲ သူ့ဘာသာ ဘာတွေရှက်လို့ရှက်သွားလဲမသိ မျက်နှာကြီးရဲပြီး ခေါင်းကပုခုံးနှစ်ဖက်ကြားထဲဝင်တော့မတတ်ငုံ့ပြီး စက္ကူငှက်တွေ အခေါက်ကောင်းတာ ငှက်က တဖက်ကြီးတဖက်သေး။ Mino မရီပဲမနေနိုင်တော့။ ကောင်မလေးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး သူခေါက်ထားတဲ့ ဆိုဒ်မညီတဲ့ စက္ကူငှက်လေးကိုပဲ ကြိုးမှာတွဲသီပေးလိုက်သည်။
ESTÁS LEYENDO
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .
