"ဦး အခု ကျွန်တော့်ကို စိတ်ပူနေတာလားဟင်. . . "
ထို စကားကို မေးမိပြီးကာမှ . . .
မျက်နှာပူတာမို့. .ဦး ကိုမကြည့်ရဲ. . .ကြမ်းပြင်ကိုသာ အကြည့်ပို့ထားပြီး. .
ဦး ပြောမယ့် စကားကို ရင်တထိတ်ထိတ်နဲ့
မျှော်လင့်နေမိတယ်. . . .သို့သော်. . .
အချိန်အတော်ကြာထိ ဦး ကဘာမှပြန်မပြော. .
တိတ်ဆိတ်၍သာနေတယ်. . . .သိသင့်ပါတယ် Kim Junmyeon ရာ . . .
ဦး က မင်း ကို အခု မုန်းတောင်မုန်းနေမှာလေ. .ဦး ရဲ့ ချစ်သူနဲ့ ဦး ကို ကွဲကွာအောင်လုပ်ထားတဲ့
(မရည်ရွယ်ပေမယ့်) မင်း ကို ဦး ကစိတ်ပူမယ်တဲ့လားခေါင်းငုံ့ရင်းသာ အခန်းရှိရာဘက်ခြေလှမ်းမိတယ်. .
အခုချိန် ဦး ကို မော့ကြည့်မိလို့ သူ့ရဲ့မျက်ရည်တွေ
ဦး တွေ့သွားရင် ဒုက္ခ. . .။သူအခန်းဆီလျှောက်သွားသည့်တိုင်. . .
ဦး ရဲ့ခွန်းတုံ့ပြန်စကားမကြားရ. . .ဦး သူ့ကိုစိတ်များပျက်သွားပြီလား. . .
သူ့ကိုစိတ်ပူနေစေချင်သေးတယ် ဆိုပြီးလေ. . .
အခန်းထဲဝင်ဖို့ လက်ကိုင်တံခါးကိုလှည့်ဖွင့်
လိုက်ချိန်မှာ. . . ဦး က သက်ပြင်းတစ်ချက်
ရှိုက်သည်. . .သူ အခန်းထဲ ခြေလှမ်းလိုက်ချိန်မှာ. . .
ဦး ဆီ က အသံတိုးရှရှထွက်လာသည်. . ."အဝတ်လဲပြီးရင်ထွက်ခဲ့ ညစာစားဖို့စောင့်နေမယ်
Jun လေး. . . . "ဦး ပြောလိုက်တဲ့အသံလေးက တကယ့်တိုးတိုးလေးပါ
ဒါမဲ့
ဦးရဲ့ခပ်တိုးတိုးအသံလေးကပဲ သူ့ရဲ့မျက်ရည်တွေကို
ရပ်တန့်သွားစေတယ်. . . .ဦး သူ့ကို Junလေးလို့ပြန်ခေါ်ပြီ. . .
မယုံနိုင်ခြင်းများစွာနဲ့လှည့်ကြည့်မိတော့. . .
ဦးက ဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ထည့်ပြီး
သူ့ကိုကြည့်နေတယ်. . . .
YOU ARE READING
နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)
Fanfiction"ဦး ရဲ့ဥပေက္ခာပြုမှုတွေက နာကျင်ရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားကတော့ ကြင်နာခြင်းလို့ပဲမှတ်ယူနေတယ်. . .