အပိုင်း 34

2.8K 393 57
                                    

"Junလေး ! "

တစ်ဖြည်းဖြည်း ပိုသည်းထန်လာတဲ့
မိုးရေစက်တွေကြား ပြေးထွက်သွားတဲ့
ကောင်လေးကို သူလိုက်ရှာနေတာ
တစ်နာရီနီးပါး ရှိပြီ

Sehun သိတဲ့ Junလေးရဲ့ အကျင့်အရဆိုရင်
ဒီကောင်လေးက မိုးရေထဲ လျှောက်သွားနေမှာ
အသေအချာ ။ ထို့ထက် ပိုသေချာတဲ့ အကြောင်း
ကတော့ မိုးရေစက်တို့နှင့်အပြိုင် ကျဆင်းနေမယ့်
ကောင်လေးရဲ့မျက်ရည်စက်တွေ ။

ကိုယ်မင်းကို အမြဲတမ်းနာကျင်စေခဲ့မိလို့
တောင်းပန်ပါတယ်

အခုချိန်ကစပြီး နာကျင်ခြင်းတွေအစား
ကြင်နာခြင်းတွေ နဲ့ ပျော်ရွှင်မှုတွေချည်းပဲ
ဖန်တီးပေးပါ့မယ် ကလေးငယ် ။

သည်းထန်နေတဲ့မိုးရေတွေကြား
ညအမှောင်ကပါ မှောင်ရိပ်ပျိုးလာချိန်မှာ

ပန်းခြံတစ်ခုရဲ့ ရှေ့ခုံလေးမှာ
ငိုင်ငိုင်လေး ထိုင်နေတဲ့ ကောင်လေးကို
မြင်လိုက်ရချိန်မှာ သူ့ရင်ထဲ ပျော်ရွှင်မှုကို
ခံစားလိုက်ရသလို စိုးရိမ်စိတ်ကလဲ နှစ်ဆ
မြင့်တက်သွားသည် ။

အဲ့ဒီနောက်မှာတော့ သူ့ကို ကျောပေးထားတဲ့
ကောင်ကလေး နား အမြန်ပြေးသွားရင်း
တသိမ့်သိမ့်တုန်နေဆဲ ကျောင်ပြင်ငယ်လေးကို
ရင်ခွင်အတွင်းထည့်ကာ ထွေးပွေ့မိသည်

ရင်ခွင်အတွင်း ရောက်သွားတဲ့ ကောင်လေးက
တုန်လှုပ်သွားကာ သူ့ကို တအံ့တသြ လှည့်ကြည့်
လာတယ်

သူမှန်းသိသွားပြီးနောက်မှာတော့ ရင်ခွင်ထဲမှ
အတင်းရုန်းထွက်တော့သည်

" Junလေး ခဏလေး ပါ ကိုယ် . . ကိုယ်
တကယ် တောင်းပန်ပါတယ်  ကိုယ်ရှင်းပြမယ်
Jumi နဲ့ က ဘာမှ. . . "

" ကျွန်တော်စိတ်မဝင်စားဘူး "

မိုးရေထဲမှာ အကြာကြီး ထိုင်ငိုနေခဲ့တဲ့
အကျိုးဆက်အနေနဲ့ Junလေးရဲ့
အသံလေးက ခိုက်ခိုက်တုန်လို့ ။

" ကိုယ် တကယ်တောင်းပန်ပါတယ် "

" မလိုဘူး ! မလိုအပ်တာမို့ လွှတ်ပေး "

ရင်ခွင်အတွင်းမှ အတင်းရုန်းထွက်နေသူကို
ပိုမိုတင်းကျပ်စွာဖက်တွယ်လိုက်ရင်း

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Donde viven las historias. Descúbrelo ahora