Unicode 23

728 59 0
                                    

နှာခေါင်းဝကိုကျီစယ်လာတဲ့ဆေးနံ့လှိုင်လှိုင်ကြောင့်
အဝေးသို့ပျံ့လွင့်နေတဲ့ အသိစိတ်တွေကပြန်လည်စုစည်း
လာခဲ့တယ်

မြင်လွှာနှစ်ဖက်ကိုအားယူဖွင့်ကြည့်ပေမယ့်
ရုတ်တရက်မြင်လိုက်ရတဲ့မီးရောင်ထိန်ထိန်ကြောင့်
မြင်လွှာတစ်စုံက အလိုလိုပြန်မှိတ်မိလျက်သား

ထပ်မံ၍အားယူဖွင့်ကြည့်တော့ ဦးခေါင်းဆီမှာ
နောက်ကျိကျိနာကျင်မှုကတိုးဝင်လာတယ်

ခေါင်းကိုလက်နှစ်ဖက်နဲ့အသာနှိပ်ရင်း
လှဲနေရာမှထတော့ အခန်းတွင်းအေးစက်မှုကိုပါ
ခံစားလာရတယ်

"Junလေး သတိရလာပြီလား "

တိုးလျလျပြောလာတဲ့အသံပိုင်ရှင်ကို
Junmyeon မော့မကြည့်မိ

နားထင်နှစ်ဖက်ကိုသာ လက်ဖျားတွေနဲ့
အကြိမ်ကြိမ်နှိပ်ရင်း ခေါင်းငုံ့နေမိတယ်။

"Junmyeon သတိရလာပြီလား
အဲ့ဒါဆို ငါပြန်တော့မယ်နော် Sehun "

အခန်းထောင့်မှာရပ်နေတဲ့သူက သန်းဝေရင်း
ပြောလာတယ်

ကုတင်နားက အိတ်ကိုလာယူရင်း
ထို လူ ပြောသွားတာက

"မင်း အခုသတိရလာလို့တော်သေးတယ်
မဟုတ်ရင် ငါအိပ်ရမှာမဟုတ်ဘူး
Ooh Sehun က မင်းသတိမရမချင်း
အိမ်လဲမပြန်ခိုင်း အိပ်ခိုင်းဖို့နေနေသာသာ
နည်းနည်းလေးတောင်မှေးခွင့်မပြုဘူး "

အိပ်မှုံစုံမွှား အသံနဲ့ပြောသွားတဲ့ သူ ရဲ့
စကားကြောင့် ဦး ကို မော့ကြည့်မိတော့
ဦး ရဲ့နီကြင်ကြင်မျက်ဝန်းတို့နဲ့အကြည့်ချင်းဆုံတယ်

"ပြီးတော့ Junmyeon မင်း ကအဖျားလွန်ပြီး
သတိလစ်သွားတာ နွေးနွေးထွေးထွေးနေနော်
ဆေးပုံမှန်သောက် "

ဆရာဝန်ဖြစ်ပုံရတဲ့ဟိုလူကမှာစရာရှိတာမှာပြီး
ယိုင်တိုင်ယိုင်တိုင်နဲ့ ထွက်သွားပြီးချိန်မှာ

အခန်းထဲကျန်နေခဲ့တာက ဦး နဲ့ သူ

အဖျားကြောင့်ခံစားနေရတဲ့အေးစက်စက် လေထု
ကြောင့် စောင်အတွင်းတစ်ဖန်တိုးဝင်ပြီး အိပ်ရာထက်
ပြန်လှဲမိတယ် ။

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now