ညနေခင်းရောက်မှ ရုတ်တရက်ရွာသွန်းလာတဲ့မိုးက
ထိုင်းမှိုင်းနေတဲ့သူ့စိတ်ကိုပိုမိုနုံးချိသွားစေတယ်. .ကော်ဖီဆိုင်ကပြန်လာကတည်းက မတင်မကျ
ဖြစ်နေတဲ့ စိတ်တွေကြောင့်. .ကုတင်ပေါ်လှဲနေတဲ့. .
လူက နည်းနည်းလေးမှမလှုပ်ချင်. . .ပြောင်းလဲသွားတဲ့မင်္ဂလာကိစ္စအဝဝကိုစီစဉ်နေရတာမို့
appaနဲ့omma နှစ်ယောက်လုံးလဲအိမ်မကပ်နိုင်. . .။Jumi ကတော့. .ကျွန်တော့်မျက်နှာကိုမတွေ့ချင်ဘူး
ဆိုကာ. .ညမှသာအိမ်ပြန်အိပ်သည်. . .။Jumi အကြောင်းကိုတွေးမိတာနဲ့. .ခေါင်းထဲ. .
ရုတ်ချည်းရောက်လာတာက. .ကော်ဖီဆိုင်မှာတွေ့ခဲ့ရတဲ့
ဦး နဲ့ Jumi တို့ရဲ့ပုံရိပ်. . . .မဟုတ်မှလွဲ. .အခုထိ ဦး နဲ့ Jumi အတူတူရှိနေမှာတော့
မဟုတ်လောက်ပါဘူးနော်. . .ဟက်~Kim Junmyeon ရာ ပူပန်နေတာများ. . .
ဦး နဲ့ Jumi အတူတူရှိနေတော့ရော. . .
မင်းနဲ့ ဘာများသက်ဆိုင်နေလို့လဲ. . .မရေမရာ အတွေးတွေကို ခေါင်းရမ်းပြီး. . .
ဖယ်ထုတ်လိုက်တယ်. . .တစ်နေ့လုံးလှဲနေရတာ အညောင်းမိနေပြီမို့. . .
လှဲရာကထပြီး. . စာကြည့်စားပွဲဘက်အကြည့်ပို့မိတော့
ပြန့်ကြဲနေတဲ့စာအုပ်တွေ. .*ကျစ်! Jumi လျှောက်ဖွသွားတယ်ထင်တယ်*
ကျွန်တော်ဆိုသည်မှာလဲ အဝတ်ဗီရိုတစ်ခုလုံးသာ
အမှိုက်ပုံလိုဖြစ်နေရင်ဖြစ်နေမယ် စာကြည့်စားပွဲ
ရှုပ်ပွနေရင်ဘယ်လိုမှမနေနိုင်. . . .။အကျင့်အတိုင်း စာအုပ်တွေကိုပြန်စီမိတယ်. . .
ကျွန်တော့်စာအုပ်တော်တော်များများက
ဒဏ္႑ာရီဆန်ဆန် စာအုပ်တွေနဲ့ ပေါ့ပေါ့ပါးပါး
စိတ်ကူးယဉ်စာအုပ်တွေသာများတယ်. . .
ကျောင်းကပိတ်ထားတာမို့. .ကျောင်းစာအုပ်တွေတော့
ရှိမနေ. . . စာအုပ်တွေစီနေရင်းမှ ခေါင်းထဲဖြတ်ခနဲ
ဝင်လာတဲ့အတွေးကြောင့်. .စာအုပ်တစ်အုပ်ကို. .
မဲရှာနေမိတော့တယ်. . .စာကြည့်စားပွဲတစ်ခုလုံးသာပြန်ရှုပ်ပွသွားတယ်
ပျောက်နေတဲ့ ဒိုင်ယာယီစာအုပ်အပြာလေးက. .
အရိပ်ပင်ပေါ်မလာ. . .
ESTÁS LEYENDO
နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)
Fanfic"ဦး ရဲ့ဥပေက္ခာပြုမှုတွေက နာကျင်ရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားကတော့ ကြင်နာခြင်းလို့ပဲမှတ်ယူနေတယ်. . .