မိုးစက်တွေကြားက လေတစ်ချက်ဝေ့တိုက်တိုင်း
ချမ်းစိမ့်လာတာမို့ ဝတ်ထားတဲ့ bathrobe မှ
ကြိုးကို တင်းကျပ်စွာထပ်ချည်ပြီး လက်နှစ်ဖက်ကို
ခပ်တင်းတင်းပိုက်ပြီး အချမ်းဖြေဖျောက်နေရသည်ဘေးမှ Byun Baek တို့ကတော့
သူ့အပြစ်နဲ့သူမို့ Junmyeon ကို
စပ်မိစပ်ရာစကားတွေတောက်လျှောက်
ပြောပြီး မျက်နှာချိုသွေးနေလေရဲ့. . . .လူ ကို အရူးလုပ်ပြီးလိမ်ခေါ်တဲ့
ဒင်းတို့ သုံးယောက်ကို စိတ်တိုတိုနဲ့
အိမိပြန်လှည့်ဖို့ပြင်ခဲ့ပေမယ့်
ကိုယ့်ဘက်မပါတဲ့မိုးနတ်မင်းက
အချိန်ကိုက်ပင် မိုးတွေသည်းထန်စွာ
ရွာသွန်းချရုံမက လျှပ်စီး တွေ တလက်လက်နဲ့
မိုးကြိုးတွေပါ အဆစ်ပါသေးဖြစ်ချင်ရာဖြစ် ဆိုပြီး ခြံထဲကထွက်လာပေမယ့်
ခြံပြင်ခြေမချရသေးခင်မှာ အပေါ်ဝတ်ကုတ်ရှည်ကို
ဦးခေါင်းထက်လာမိုးပေးပြီး ဒီအချိန် TAXI
ရှိမှာ မဟုတ်လို့ မပြန်ပါနဲ့ သူ ပြန်လိုက်ပို့ပေးပါမယ်
ဆိုတဲ့ ဦး ကြောင့် စိတ်တစ်ထစ်လျှော့ပြီးခြံထဲပြန်လိုက်လာခဲ့တော့ ဦး ရဲ့
ကား အကောင်းစားကြီးက ရုပ်ရှင်ဆန်စွာ
ဘီးနှစ်ဘီး ပေါက်နေတယ်တဲ့လေတရားခံဟုယူဆရတဲ့ နှစ်ယောက်မှာ
တစ်ယောက်သွားဖြဲပြနေပြီး
တစ်ယောက်က ခေါင်းကိုတွင်တွင်ငုံ့နေတာ
မော့ပင်မကြည့်ပြန်သွားဖို့ရာကလဲ အနောက်မှ မားမားကြီး
ရပ်ပြီး ခေါင်းပေါ်အကျႌလိုက်မိုးပေးနေသူကဒီမှာပဲ တစ်ညလောက်အိပ်သွားပါ
မြို့ထဲနဲ့လဲအတော်ဝေးတော့
တစ်ယောက်တည်းပြန်ခိုင်းရမှာ
စိတ်မဖြောင့် လို့ပါ ဆိုတဲ့ စကားအဆုံးမှာဟုတ်တယ် အိပ်သွားလိုက်ပါ Junmyeon ရာ
ဆိုပြီး ထောက်ခံနေသူတွေကြောင့်ခြေလှမ်းတွေကို အိမ်ကြီးဆီ ဦးတည်ချက်
ပြောင်းလိုက်ရတာက စပြီး ခု ညဥ့်နက်
သန်းခေါင်ထိ အခန်းထဲမှာ လှဲနေရသည်စိုနေတဲ့အကျႌတွေကိုချွတ်ပြီး bathrobe
လဲ ပြီး ချိန်မှာမှ သည်းနေတဲ့မိုးက
အရှိန်လျှော့သွားတော့တယ်
YOU ARE READING
နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)
Fanfiction"ဦး ရဲ့ဥပေက္ခာပြုမှုတွေက နာကျင်ရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားကတော့ ကြင်နာခြင်းလို့ပဲမှတ်ယူနေတယ်. . .