မီးအလင်းရောင်မရှိတဲ့ အခန်းထဲ
ဟိုလျှောက် ဒီလျှောက် နဲ့
မနက်မိုးလင်းပါစေတော့လို့ အချိန်တွေကို
ရေတွက်နေသူသူ ချက်ချင်းပင် Junလေး ရှိရာ
JinWoo အိမ် လိုက်သွားဖို့ ကြံစည်ခဲ့သော်ငြား
Junလေး အိပ်သွားပြီ ဆိုတဲ့ စာတိုတစ်ခုနဲ့
စိတ်တွေကို ထိန်းချုပ်ထားခဲ့ရသည်ခုဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက
Jumi ရဲ့ စနက်တစ်ခုဖြစ်နေမှန်း
သူ ဘယ်တုန်းကမှ တွေးမထင်မိခဲ့ ။သူ အစကတည်းကသာ သိခဲ့ရင်
Junmyeon နဲ့ လက်ထပ်ပြီးချိန်ကစပြီး
Jumi ကို ရှောင်ရှားခဲ့မည်အရင်ကချစ်ခဲ့ရတဲ့ ချစ်သူဟောင်းပဲဆိုဆို
Junလေး အပေါ်ကိုတော့ သူ သစ္စာစောင့်သိပါသည်အခုတော့ ~ သူ အမှုမှတ်အမှတ်မဲ့ Jumi ကို
နေမြဲတိုင်းပြောဆိုဆက်ဆံမိတဲ့ အကျိုးဆက်က
Junလေး အပေါ် အတော်ပင် ရိုက်ခတ်သွားခဲ့ပြီအချိန်အားဖြင့် မနက်လေးနာရီ
အခန်းပြင်မှ ခြေသံ သဲ့သဲ့ ကြောင့်
သူ ခေါင်းထောင်မိသွားသည်Junလေးများ ပြန်လာသလား
သူ စိတ်ပူနေမှန်း သိပြီးများ ပြန်လာလေသလား
အတွေးတို့နှင့်အတူ အခန်းတံခါးကို
ဝုန်းခနဲ ဆွဲဖွင့်မိသည်အခန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့
မျက်လုံးတို့ဖောင်းအစ်နေတဲ့ ကောင်လေးကို
မြင်လိုက်ရချိန်မှာတော့ ရင်အတွင်းမှ
ကြည်နူးမှုတို့က လှိုက်တက်လာပြီးJunလေးကို ရင်ခွင်အတွင်း ဆွဲသွင်းကာ
ပွေ့ဖက်မိသည်"Junလေး ကိုယ် တောင်းပန်ပါတယ်
ကိုယ် မင်းဘက်ကို လှည့်မကြည့်ခဲ့မိဘူး
က်ုယ် . . ကိုယ် တကယ် ကျေးဇူးတင်ပါတယ် "
"ကျွန်တော့်ကို လွှတ်ပေးလို့ရမလား "
ရင်ခွင်အတွင်း ကျောက်ရုပ်ပမာရပ်နေခဲ့တဲ့
Jun လေး ဆီမှ ပထမဆုံး ခွန်းတုံ့ပြန်စကားက
္စရေခဲငွေ့ရိုက်ထားသလို အေးစက်စက်" ကျေးဇူးတင်တယ် ? ကြည့်ရတာ
ဦး အထင်မှားနေပုံပဲ ကျွန်တော် အခုလာခဲ့တာ
သံယောဇဉ်တွေ အပြီးဖြတ်ဖို့ နေ့လည်လောက်
စာချုပ်ကို deliverနဲ့ ပို့လိုက်မယ် "
ESTÁS LEYENDO
နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)
Fanfic"ဦး ရဲ့ဥပေက္ခာပြုမှုတွေက နာကျင်ရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားကတော့ ကြင်နာခြင်းလို့ပဲမှတ်ယူနေတယ်. . .