"Junလေး. . . . "
သူခေါ်လိုက်မှပင် ကားမှန်ကိုမှီနေတဲ့
Junလေး က မျက်လုံးများကမှေးမှိတ်သွားတယ်အင်း. .အခုထိလဲ hyungနဲ့ သူ
ဘယ်လိုပြဿနာတက်သွားတာလဲ
Sehun မသိရဟင်းခနဲ သက်ပြင်းချပြီးJunလေးကို
တစ်ဖန်ပြန်ကြည့်မိတယ်ပါးဖြူဖြူလေးပေါ်မှာ ညိုမဲစွဲနေတာလေးက
မျက်လုံးထဲထင်းခနဲနှုတ်ခမ်းရဲ့ဘယ်ဘက်အစွန်းလေးက
သွေးစိမ့်ထွက်နေဆဲ ဒဏ်ရာလေး"ဘာတွေများသွားပြောလိုက်လို့လဲကွာ "
နှုတ်ကရေရွတ်ရင်း တစ်ရှူးစလေးနဲ့
သွေးသုတ်ပေးဖို့ကြံရွယ်မိတယ်သို့သော် တစ်ရှူးကိုင်ထားဆဲ
သူ့ရဲ့လက်ချောင်းတို့က Junလေးရဲ့
နှုတ်ခမ်းပါး အနား ထိကပ်မည့်ဆဲဆဲမှာ
ရပ်တန့်သွားရတယ်အကြောင်းမှာ အဆမတန်အခုန်မြန်နေတဲ့
ဘယ်ဘက်ရင်ခွင်ထဲက နှလုံးသားကြောင့်ဘာဖြစ်နေတာလဲ! ဒါလေးကို
စိတ်ထိန်းစမ်း!!ရင်ဘက်ကိုလက်နဲ့ပုတ်ပြီးစိတ်ထိန်းနေဆဲမှာပင်
Junလေးရဲ့နှုတ်ခမ်းအနားတိုးကပ်သွားမိတာ
လက်ထဲက တစ်ရှူးစ မဟုတ်ပဲ သူ့ ရဲ့
နှုတ်ခမ်းဖြစ်နေသည်ရဲတဲတဲနှုတ်ခမ်းလေးရဲ့အထက်က
မွှေးညှင်းလေးတွေက ရင်ခုန်သံတွေကို
ပို၍ ပို၍ မြန်ဆန်လာစေတယ်ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို
လျှာနဲ့တစ်ချက်သပ်လိုက်ပြီး
ရှေ့ဆက်တိုးနေမိတာ နှုတ်ခမ်းတစ်စုံနဲ့
နီးကပ်လာသည်အထိနှုတ်ခမ်းနှစ်ခုထိလုဆဲအချိန်မှာ
ဖြတ်ခနဲပွင့်လာတဲ့ မျက်လုံးဝိုင်းလေးဝုန်းခနဲ ကိုယ်ကိုနောက်ဆုတ်လိုက်မိတယ်
"အဟမ်း. . . "
အထူးအဆန်းကြည့်နေတဲ့ မျက်လုံးဝိုင်းလေးနဲ့
ရင်မဆိုင်ရဲစွာ ဟိုဟိုဒီဒီကြည့်နေမိရင်းမှပင်
သူ့ရဲ့ မျက်လုံးတို့က Junလေးရဲ့
မျက်နှာလေးကို တစ်ချက်တစ်ချက်
ငေးနေမိသေးသည်"ဟင် အခုထိ ဒီမှာပဲလား. . . "
အေးစက်နေတဲ့လေထုကိုဖြိုခွင်းသွားတဲ့
တိုးဖျဖျလေသံလေး
ESTÁS LEYENDO
နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)
Fanfic"ဦး ရဲ့ဥပေက္ခာပြုမှုတွေက နာကျင်ရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားကတော့ ကြင်နာခြင်းလို့ပဲမှတ်ယူနေတယ်. . .