Unicode 20

698 55 1
                                    

"ဦး ကျွန်တော့်ကိုညနေလာမကြိုနဲ့တော့နော် "

အတန်းချိန်နောက်ကျနေပြီမို့ ဦး ကို
လာမကြိုဖို့ပြောပြီး ကားပေါ်ကဆင်းရန်ပြင်တော့

"ဘာလို့လဲ အချိန်ပိုင်းအလုပ်ရှိတယ်မလား
လာကြိုမယ်လေ. . . . "

"မဟုတ်ဘူး ဦး ဒီနေ့အလုပ်ပြီးရင် JinWoo
နဲ့ သွားစရာလေးရှိသေးလို့. . . . "

"သွားစရာ? "

တင် //

📩KJM ရေ မလာသေးဘူးလား ဟ
တီချယ်က Tuto စာအုပ်တွေတောင်ဝေနေပြီ 📩

ဦး နဲ့ စကားဆက်ပြောချင်ပေမယ့်
Baekhyun ပို့တဲ့ messageဖတ်ပြီး
စကားအမြန်ဖြတ်ရတယ်

"ဟုတ် ဦး အဲ့ဒါလေ ကျွန်တော့်ကို
လာမကြိုနဲ့တော့နော် "

"အင်းပါ. .အဲ့ဒါဆို. . . . ."

သူပြန်ပြောမယ့်စကားကိုတောင်မစောင့်
ကျောင်းထဲပြေးဝင်သွားတဲ့Junလေးကိုကြည့်ပြီး
Sehun စိတ်ထဲသိပ်အလိုမကျမိ။

JinWoo ဆိုတဲ့ကောင်လေး သူ့အပေါ်မရိုးသားတာ
မရိပ်မိဘူးလား ။ ဘယ်သွားမှာမလို့ လာမကြိုခိုင်းရတာလဲ
သွားမှာ ဆိုတာကရော နှစ်ယောက်တည်းပဲလား

အတွေးပေါင်းစုံနဲ့ရှုပ်ယှက်ခက်လာတာမို့်
ခေါင်းကိုခါရမ်းမိတယ်

မသိဘူးကွာ လာမကြိုခိုင်းတော့လဲ
သွားမကြိုရုံပေါ့ ။

ခပ်ပေါ့ပေါ့သာပြောပြီး ကားမောင်းထွက်ခဲ့ပေမယ့်
လေးလံနေတဲ့မိမိစိတ်ကို မိမိကိုယ်တိုင်သာသိပါတယ်။

"တီချယ် ဝင်ခွင့်ပြုပါ "

ဟောဟဲဆိုက်နေတဲ့အသံနဲ့ဝင်ခွင့်တောင်းတော့
တီချယ်က တစ်ချက်မော့ကြည့်ပြီး ခေါင်းငြိမ့်ပြတယ်

Baekhyun နဲ့ JinWoo ကြားဝင်ထိုင်ပြီး

"ဟူး. .အခုမှစဖြေမှာမလား. . . "

"ဟုတ်တယ်. . . . "

သူ မေးတဲ့စကားကို JinWoo က
အေးအေးသာသာပြန်ဖြေတယ်. . .

"မင်းကလဲ ဒီနေ့ Tuto ဖြေရမယ်ဆိုတာ
သိရက်နဲ့ နောက်ကျနေတယ် "

"ငါ ရောက်နေတာကြာပြီကွ.. .. ဦးနဲ့. . . . "

Junmyeon ပြန်ဖြေနေရင်း Baekhyun
မျက်နှာကြည့်မိမှ ကျားရှေ့မှောက်ယက်လဲ ပြီ
ဆိုတာသိလိုက်ရတယ် ။

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Tahanan ng mga kuwento. Tumuklas ngayon