Appa ရဲ့ မင်းတို့နှစ်ယောက်လွတ်လွတ်လပ်လပ်
စကားသွားပြောချည် ဆိုတဲ့အမိန့်စကားအရ. . .ကျွန်တော်နဲ့ဦး သည်. . . ဦးတို့အိမ်ကခြံထဲဆင်းလာပြီး. .
အတန်ကြာစကားမပြောပဲမတ်တပ်ရပ်နေမိသည်. . .ကတ္တီပါစလိုအိစက်နေတဲ့ ဦး တို့ရဲ့ခြံဝန်းကြီးထဲက. .
စိမ်းညို့ညို့ မြက်ပင်လေးတွေလိုပဲ. . .
ဦး က ကျွန်တော်အပေါ်စိမ်းကားလွန်းနေတယ်. . ."ဦး.. စိတ်မညစ်နဲ့နော်. . ကျွန်တော်appaကို
ပြောပြီး. .ဒီမင်္ဂလာပွဲကိုငြင်းမယ် ဦး. . . "အားတက်သရော နှစ်သိမ့်စကားပြောလိုက်ပေမယ့်. .
ဦး ကခပ်ဖျော့ဖျော့ပင်ပြုံးယောင်မပြ. . .မင်းတို့နှစ်ယောက်လက်ထပ်ရမယ် ဆိုတဲ့. . .
ဦး အဖေရဲ့အမိန့်ဆန်ဆန်စကားတစ်ခွန်းကြားကတည်းပ
မှိုင်ကျသွားတဲ့ ဦး ရဲ့မျက်နှာ အရင်လိုလေးလန်းဆန်း
လာအောင်. . .Junmyeon ဘာလုပ်ပေးရမည်လဲ. . ."ဦး. . . . "
"Junmyeon. . . ဦး မင်းနဲ့လက်ထပ်ပွဲကို
မဖြစ်မြောက်စေချင်ဘူး. . . . "တိုးလျလျပြောလာတဲ့ ဦး. . .
တကယ်ကိုတိုးတိုးလေးပါ. . . .
ကျွန်တော့်ရဲ့နားထဲမှာတော့. .မိုးခြိမ်းသံလို. .
မြည်ဟိန်းသွားတယ်. . .တစ်ဆက်တည်း. .ဘာလို့လဲ ဦး လို့ မမေးမိအောင်
ပါးစပ်ကိုအမြန်အရှိန်ထိန်းလိုက်ရသည်. . .သိနေပြီးသားအဖြေတစ်ခုကိုထပ်မေးနေရင်. . .
ကျွန်တော်က အရူးတစ်ယောက်ဖြစ်သွားမှာပေါ့. . .ီူဦး ကျွန်တော့်ကိုလက်မထပ်ရခြင်း. . .အကြောင်းက
ရှင်းရှင်းလေးပါ. . .ကျွန်တော့်ကိုမချစ်လို့. . .
ဒီမင်္ဂလာပွဲကိုအစကတည်းကငြင်းဖို့တွေးထားတယ်
ဆိုပေမယ့်. . . ဦး ရဲ့ နှုတ်ကဖွင့်ဆိုလာချိန်မှာတော့. .
ရင်ဘက်ထဲကနှလုံးသားကတဆစ်ဆစ်ကိုက်လာတယ်. . ."ဦး ပြောချင်တာကကွာ. . . မင်းလဲ ကိုယ့်ကို
မချစ်ဘူးလေ. . ပြီးတော့မင်းအသက်ကငယ်ငယ်လေး. .
ရှိသေးတယ်. .အနာဂတ်မှာမင်းရဲ့အချစ်စစ်ဆိုတာ
တွေ့နိုင်တယ်လေ. . . ပြီးတော့. .ပြီးတော့. . .
ဦး လဲ မင်းကိုမချစ်ဘူး. . "
YOU ARE READING
နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)
Fanfiction"ဦး ရဲ့ဥပေက္ခာပြုမှုတွေက နာကျင်ရပေမယ့် ကျွန်တော့်ရဲ့နှလုံးသားကတော့ ကြင်နာခြင်းလို့ပဲမှတ်ယူနေတယ်. . .